အပိုင်း (၉၇)

220 22 9
                                    

Zawgyi

နောက်နေ့ရက်များတွေမှာတော့အရင်လိုပုံမှန်နေရက်များလိုပဲလည်ပတ်နေ၏ကုန်ပစ္စည်းတွေသွားပို့သည့်အဖွဲ့တွေကအရင်လိုပဲကုန်တွေလိုက်ပို့နေရပြီးစက်ရုံရှိအလုပ်သမားတွေကလဲသူတို့၏နေတိုင်းပုံမှန်အလုပ်တွေနဲ့ပဲအချိန်ကုန်နေခဲ့ကာရှောင်းကျန့်သည်လဲအိမ်မှာနေပြီးဆေးကုလျှင်ကုမဟုတ်ရင်စာရင်းဇယားတွေတွက်ချက်နေရသည်

တစ်ရက်မှာတော့ရှောင်လင်းဟာအလုပ်ပြန်ဝင်ခဲ့သည်သူဘာကြောင့်ခွင့်ယူသွားလဲမသိသလိုရှောင်းကျန်းလဲမမေးပေသို့ပေမဲ့နောက်ပိုင်းမှာဝမ်ဒုတိယသား၏ဇနီးအမျိုးသမီးကျိုးဆီကအတင်းစကားအရတော့ရှောင်လင်းဟာအလုပ်ခွင့်ယူထားခဲ့သည့်ရက်တွေမှာသူ့မိဘတွေနဲ့တိုင်ပင်ဆွေးနွေးပြီးဝမ်ယင်းယင်းအားလာရောက်တောင်းရမ်းစေ့စပ်ခဲ့သည်

ဝမ်ဒုတိယအိမ်ကလူတွေလဲရှောင်လင်း၏အကြောင်းနဲ့သူ့မိသားစုအကြောင်းကိုကြားထားပြီးပြီဖြစ်၍သဘောမတူစရာအကြောင်းမရှိတော့ပေထို့ပြင်ဝမ်ယင်းယင်းဆီကအမျိုးသမီးကျိုး
ပြန်ကြားရသည့်စကားအရရိပေါ်လည်းရှောင်လင်းနဲ့စကားေ
ပြာပြီးပြီဟုဆိုသည်ထို့ကြောင့်လဲသူတို့(ဝမ်လောင်အာ့တို့ဇနီးမောင်နှံ)လဲလက်ခံသဘောတူခဲ့၏

ဒါကတောင်းရမ်းစေ့စပ်ပွဲလေးပဲမလို့နှစ်ဖက်မိဘများသာလိုအပ်သောကြောင့်ရှောင်းကျန့်တို့ကိုအသိမပေးခဲ့ချင်းပင်အဖေဝမ်တို့လင်မယားကတော့အကြီးတွေမို့ကြိုတင်ပြောပြထားသည်အဖေဝမ်တို့လဲအမျိုးသမီးကျိုးဆီကရှောင်လင်း၏အကြောင်းနဲ့မိသားစုဂုဏ်သတင်းအကြောင်းကြားထားသဖြင့်သူတို့လဲဤမြေးသမက်လောင်းကိုအတော်လေးစိတ်ကျေနပ်နေသည်

နောက်မှထိုသတင်းကိုပြန်ကြားလိုက်ရသည့်ရှောင်းကျန့်မှာတော့မြန်ဆန်လွန်းလှသည့်အခြေနေကြောင့်ဆွံအ,သွားရသည်သူကတော့အချိန်ကြာအုန်းမယ်ထင်ခဲ့တာသူတို့ကတော့သူတောင်မသိလိုက်ခင်မှာတောင်းရမ်းစေ့စပ်ပြီးသွားကြလေပြီထို့ေ
ကြာင့်လဲရှောင်လင်းကအလုပ်ပြုဝင်သည့်နေ့တွင်သူ့အားပြုံးစိစိဖြင့်ကြည့်နေသည်ကိုလက်ရှိမှာရှောင်လင်းကဝမ်ယင်းယင်းနဲ့လက်မထပ်ရသေးသဖြင့်ရိပေါ်နဲ့ရှောင်းကျန့်ကိုဦးလေးအေ
ဒ်ါဟူ၍ရင်းရင်းနှီးနှီးခေါ်ဝေါ်လို့မရသေးပေ

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now