အပိုင်း (၁၂၁)

196 19 2
                                    

Zawgyi

အိမ်ထဲ၌လူကြီးတွေသည်လျိုချန်အားသွားခေါ်ထားပြီးသဖြင့်သူရောက်လာမည်အားစိတ်ပြေနပြေစကားပြော၍စောင့်ဆိုင်းနေခဲ့ကြသည်ရှောင်ရွှယ်တို့သူငယ်ချင်းတွေလဲစနောက်၍စကားများပြောနေကြသည်လက်ရှိမှာလျိုချန်ကကျိန်းသေပေါက်လာမည်ဖြစ်၍မည်သူမှသူရောက်မလာမည်ကိုမစိုးရိမ်ကြတော့ပဲနည်းနည်းလောက်ထပ်စောင့်ပေး၍လဲရပေသည်

ရှောင်ရှင်းချန်တို့ဘက်ကသူတို့အားနားလည်မှုပေးထားသဖြင့်လျိုမိသားစုတွေလဲအရှက်မရကြတော့ပေအိမ်ထဲ၌လူကြီးတွေ
ပျော်ရွှင်နေကြသဖြင့်အိမ်အပြင်ဘက်တွင်လျိုချန်တစ်ယောက်ကမ္ဘာပျက်နေသည်ကိုတော့မည်သူမှသတိမပြုမိကြပေလျိုချန်စိတ်ဆုံးဖြတ်၍အိမ်ထဲသို့ဝင်ရန်ပြင်လိုက်စဉ်အိမ်ထဲမှရယ်မောသံထွက်ပေါ်လာသည်အားကြားလိုက်ရ၏

ထို့နောက်အိမ်ထဲမှလာသောရယ်မောသံသည်အဘယ်ကြောင့်သူ့အဖိုး၏ရယ်မောသံဖြင့်တူနေရသနည်းဟုတွေးကာစိတ်ရှုပ်ထွေးသွားတော့သည်ထို့နောက်ထပ်မံ၍သူ့အမေ၏အသံနဲ့တူသောအမျိုးသမီးတစ်ယောက်၏စကားပြောသံအားကြားလိုက်ရသောအခါသူလဲစိတ်မထိန်းနိုင်တော့ပဲအိမ်ထဲသို့တုန်ဆိုင်းခြင်းမရှိပြေးဝင်သွားတော့သည်

အိမ်ထဲသို့ရောက်သော်လျိုချန်တစ်ယောက်ရယ်မောပျော်ရွှင်စွာစကားပြောနေသောသူ့အဖိုးနဲ့သူ့အဖေအမေတို့အားတွေ့လိုက်ရသည်ထို့နာက်သူတို့မိသားစုမှမိသားစုဝင်အကြီးတွေလဲတွေ့လိုက်ရသဖြင့်ကြောင်အ,သွားတော့သည်

''အဖိုးအဖွား၊အဖေအမေနဲ့ဦးလေးဒေါ်လေးတို့ဒီကိုဘယ်လို
လုပ်အကုန်ရောက်လာကြတာလဲ''

သူ့၏မေးမြန်းသံကြောင့်စကားပြောနေကြသောလူတွေလဲသူ့အားကြည့်လာကြသည်ထို့နောက်အဖိုးလျိုက

''အယိုး..မြေးလေးမင်းလာပြီပေါ့လေငါတို့တွေမင်းကိုစောင့်နေတာကြာပြီကွ..''

''ဟင်..ငါ့သားမင်းဘာလို့ဒီလောက်ကြာနေတာလဲ။ပြီးတော့မ
င်းကိုယ်မင်းပြန်ကြည့်လိုက်အုန်း။မင်းရေချိုးခဲ့ရဲ့လားဘာလို့
တစ်ကိုယ်လုံးဖရိုမရဲဖြစ်နေရတာလဲ''

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now