အပိုင်း (၅၂)

289 20 0
                                    

Zawgyi

ကျန်းချန်၏မင်္ဂလာပွဲပြီးနောက်တွင်ရှောင်းကျန့်လဲတဖန်အလုပ်ရှုပ်နေပြန်သည်ဤတခါတော့သူဟာဝက်အူချောင်းလုပ်ရန်ပြင်ဆင်နေသည်မနက်အစောကြီးနှင်းများကိုအံတု၍ရိပေါ်ကဝက်သားများနှင့်ဝက်အူအများအပြားသွားဝယ်ပေးပြီးသူကျတော့ရှင်းချန်တို့ကိုခေါ်ပြီးအသားများကိုကြိတ်၍ဝက်အူချောင်းလုပ်သည်အစကတော့မိသားစုတွေကရှောင်းကျန့်တစ်ယောက်ဖြုန်းတီးနေသည်ဟုထင်နေကျသည်သို့သော်လဲရှောင်းကျန့်အစမ်းလုပ်ကြည့်ထားသည့်ဝက်အူချောင်းအနည်းငယ်ကိုစားကြည့်ပြီးနောက်ဘာမှမပြောတော့ပေ

ဒီဇင်ဘာလသို့ရောက်သောအခါရာသီဥတုကပို၍အေးခဲလာသည်ရာသီဥတုအေးခဲလာသည်နဲ့အမျှရွာသူရွာသားများသည်လဲနွေးထွေးစေရန်အမျိုးအမျိုးလုပ်ဆောင်ကြသည်ဤနှစ်ကဒုက္ခရောက်သည့်နှစ်ဖြစ်နေ၍ရိက္ခာအများအပြားစုဆောင်းမထားနိုင်ခဲ့ကြသဖြင့်ဒီဇင်ဘာ၏အလယ်သို့ရောက်လာသောအခါစုဆောင်းထားကြသည့်ရိက္ခာများကလဲတစ်ဝက်လောက်ပင်ကုန်သွားကြချေပြီထို့ကြောင့်ရွာသူရွာသားများအချို့ဟာရိက္ခာချွေတာရန်ဗိုက်ပြည့်သည်ထိမစားကြတော့ပဲအဝတ်ဖြင့်ဗိုက်များကိုတင်းတင်းကြပ်ကြပ်စည်းထားကာအိမ်ကြရသည်

ဝမ်မိသားစုတွင်လဲရိက္ခာအလုံအလောက်စုဆောင်းထားသည်ဟုထင်ရသော်လဲသူများတွေထက်အနည်းငယ်လောက်သာပိုခဲ့သည်တချို့သက်ကြီးပိုင်းအဖိုးအဖွားကြီးတွေနဲ့ကလေးသေးသေးလေးတွေဟာအေးခဲပြီးသေကြသည်မှာတဖြေးဖြေးများလာသည်ထိုသတင်းများကိုကြားသောအခါရှောင်းကျန့်မှာသူ့၏ငယ်ထိပ်ကိုမိုးကြိုးကြီးပစ်ချသွားသလိုတုန်လှုပ်သွားရသည်ကူပြောင်းလာသူတစ်ယောက်အနေနဲ့ဤသို့သောကိစ္စမျိုးကိုပထမဆုံးကြုံတွေ့ရခြင်းပင်

ထို့နောက်နေ့တိုင်းမီးမွှေး၍ဂျင်းစွပ်ပြုတ်ရည်နှင့်အခြားအားရှိပြီးအအေးမဝင်မည့်စွပ်ပြုတ်မျိုးကိုချက်ပြုတ်၍မိသားစုများအားတိုက်သည်ဂျင်းပြုတ်ရည်မှာမူအနည်းငယ်စပ်သဖြင့်ကလေးတွေမှာမသောက်ချင်ကြသော်လဲဤတစ်ခါမှာတော့ရှောင်းကျန့်က,ကလေးတွေကိုလုံးဝမလျှော့မပေးပဲတိုက်သည်ဟောက်ရန်တို့မောင်နှမသုံးယောက်ကသိပ်ပြီးမငြင်းဆန်ကြသော်လဲဝမ်ဝမ်တို့ညီအစ်ကိုနှစ်ယောက်မှာမူအမြဲငြင်းဆန်နေ၍ဂျင်းပြုတ်ရည်သောက်ချိန်ရောက်တိုင်းအော်ဟစ်ဆူပူသံကတစ်အိမ်လုံးပျံ့နှံ့သွားတော့သည်နောက်ပိုင်းရိပေါ်ကသကြားအနည်းငယ်ထည့်ပေးရန်တောင်းဆိုလိုက်မှာသူတို့ညီအစ်ကိုနှစ်ယောက်လဲချိုချိုစပ်စပ်ဂျင်ပြုတ်ရည်အားသောက်တော့သည်

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now