အပိုင်း (၁၁၅)

180 18 4
                                    

Zawgyi

လျိုချန်တစ်ယောက်လဲပြန်ရောက်တည်းကရှောင်ရွှယ်ကိုငမ်း
ကြောထနေ၍အကြောင်းသိသည့်သူ့သူငယ်ချင်းတွေဆီကစ
နောက်ခြင်းခံလိုက်ရသည်ဘာမှမသိသည့်အဖြူထည်လေးေ
ရှာင်ရွှယ်ကတော့လုံးဝသတိမပြုမိပေသူမကသာတုံးလွန်း၍
ဘာမှမသိတာသူမအနားကဝမ်ယင်းယင်းတို့တောင်သတိထား
မိနေသည်မှာကြာပေါ့

အားလုံးလဲရေချိုးပြီးကြကုန်တော့ရှောင်ကျန့်တို့လဲအဆင်သင့်
ပြင်ထားသည့်ခေါက်ဆွဲအလုံးနဲ့အပြားကိုခွဲထားပြီးအလုပ်သမားတွေကြိုက်တာရွေးချယ်စေပြီးရေနွေးပွက်ပွက်နဲ့ခေါက်ဆွဲ
ကိုဂျုံသားတွေနူညံလာသည်ထိပြုတ်ကာဟင်းရည်ထည့်အမဲ
သားနှပ်နဲ့မုန့်ညှင်းရွက်ထည့်၍ပေးလိုက်သည်ဟင်းရည်နဲ့အမဲ
သားနှပ်ထဲတွင်အရသာတွေအကုန်စုံလင်စွာထည့်ထားပြီဖြစ်၍ဘာမှထပ်မံထည့်စရာမလိုတော့ပဲဒီတိုင်းစားလိုက်ရုံပါပဲ

အမဲသားနှပ်ခေါက်ဆွဲနဲ့တွဲဖက်စားသုံးရန်ရှောင်းကျန့်ကမုန်လာဥချဉ်နဲ့ကင်ချီတွေချပေးထားပြီးမုန့်ညှင်းချဉ်ကိုတော့ကြိုက်
နှစ်သက်သူတွေစားသုံးနိုင်ရန်အနည်းငယ်မျှသာချပေးထား၏
စက်ရုံမှာအလုပ်သမားအများစုကအစားကြီးကြတယ်ထို့အတွက်လဲခေါက်ဆွဲတွေလုံလုံလောက်လောက်ပြင်ဆင်ထားသဖြင့်
တစ်ပွဲနဲ့မလုံလောက်လျှင်နောက်ထပ်တစ်ပွဲထပ်မံတောင်းဆို
လို့ရသည်

ပုံမှန်နေ့တွေဆိုလဲအလုပ်သမားတွေကိုချက်ကျွေးရန်အမဲလို
က်မုဆိုးတွေဆီကသားကောင်တွေဝယ်ရလေ့ရှိ၏အမြဲတမ်း
ကြက်သားဝက်သားနဲ့ငါးကျွေးနေတော့လဲကြာလာတော့အလုပ်သမားတွေရိုးအီသွားမှာဆိုးသည်သူကသာစိုးရိမ်နေတာအလုပ်သမားတွေကတော့အသားစားရမည်ဆိုမည်သည့်အသားပဲဖြစ်ဖြစ်အရမ်းပျော်နေတုန်းပါပဲ

သို့ပေမဲ့ရှောင်းကျန့်ကသူတို့ကိုအသားဟင်းနေ့တိုင်းမကျွေးေ
လဘူးအရင်အလုပ်သမားတွေနည်းတုန်းကတော့အသားဟင်း
တစ်နပ်တော့နေ့တိုင်းကျွေးသော်လည်းအလုပ်သမားများလာ
သောအခါမှာတော့နှစ်ရက်တစ်ခါသို့မဟုတ်သုံးရက်နေမှတစ်ခါ
ကျွေးတော့သည်အသားဟင်းမပါသော်လည်းဟင်းသီးဟင်းရွ
က်ကြော်လှော်ချက်ပြုတ်ရာတွင်ဝက်ဆီကိုအသုံးပြုထားသဖြင့်
အရသာကောင်းနေတုန်းပါပဲ

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now