အပိုင်း (၃၁)

361 34 1
                                    

Zawgyi

မေမေဝမ်သို့ထွက်သွားတာကိုမြင်ပြီးဒီတစ်ခေါက်သူတော့ပြသာနာအကြီးကြီးတက်ပြီမှန်းသိသွားကာသူ့သမီးကိုဖေဖေစုတို့ကိုသွားခေါ်ဖို့အမြန်လွှတ်လိုက်သည်ဖေဖေစုတို့ရောက်လာရင်အမေဝမ်တို့လဲဖေဖေစုမျက်နှာကိုထောက်ပြီးသူ့ကိုမကွာရှင်းခိုင်းတော့လောက်ပါဘူးရှေးခေတ်ဆိုပေမဲ့ခေတ်သစ်လိုဖုန်းမရှိအင်တာနက်မရှိပေမဲ့သတင်းပျံ့တာအတော်လေးမြန်သည်မကြာခင်ပဲအဖေဝမ်လဲသတင်းရသွားကာဆော့နေတာကိုရပ်ပြီးအိမ်ကိုအမြန်ပြေးတော့သည်ထိုချိန်လောင်အာ့တို့ညီကိုနှစ်ယောက်ကလဲရွာသို့ပြန်ရောက်လာနေပြီးရွာထဲဝင်လာတော့သည်ထိုနေရာတွင်ထိုင်နေကြသောရွာသားအချို့ကလောင်စန်းကိုမြင်တော့

"ဟေးလောင်စန်းမင်းပြန်လာပြီလာ "

"ဟုတ်တယ်ဗျ "

"မင်းအိမ်ကိုအမြန်ပြန်သင့်တယ်ဒီနေ့မင်းဇနီးကမင်းသားကိုသေအောင်ရိုက်နှပ်နေတယ်လို့ငါတို့သတင်းကြားတယ် "

"ဟုတ်တယ်ဟုတ်တယ်ငါဆိုအဲ့နားမှာရပ်ကြည့်ခဲ့သေးတယ်ကျွတ်ကျွတ်မင်းဇနီးကအရမ်းရက်စက်တာပဲမင်းသားဆိုသွေးအိုင်ထဲမှာတောင်လှဲလို့ "

"မင်းရဲ့အမေတို့အပြေးမြန်ကြလို့ပေါ့ကွာမဟုတ်ရင်တော့သေ
များသေသွားမလားပဲမင်းယောက်ဖရှောင်ခိုင်လေးကိုကောက်
ပွေ့ပြီးမင်းရဲ့အကြီးဆုံးမရီးကိုစစ်ဆေးဖို့အမြန်ပေးလိုက်လို့
တာပဲ "

ရွာသားများ၏ချဲ့ကားပြောသည့်စကားကိုကြားပြီးလောင်စန်းလဲမျက်စိပျက်မျက်နှာပျက်သွားကာနုတ်ဆက်ဖို့ပင်မေ့ကာအိမ်သို့ပြေးတော့သည်လောင်အာ့လဲနောက်ကနေအမြန်ပြေးလိုက်လာသည်သူတို့နှစ်ယောက်အိမ်ကိုရောက်တော့အိမ်ဟောင်းတွင်မေမေဝမ်ကိုမေမေစုကမျက်နှာချိုသွေးကာချော့မော့နေ၏ဤတစ်ခါကသူမသားရဲ့အမှားဖြစ်တာကြောင့်သူမလဲမလိုလားပေမဲ့မေမေဝမ်ကိုချော့နေရသည်မဟုတ်ရင်သူမသားကွာရှင်းခံရလိမ့်မည်သူသာကွာရှင်းခံရလျှင်သူတို့စုအိမ်သို့သောင်လာတင်နေတော့မည်

"ခမည်းခမက်ရယ်ငါ့သားကသူ့အမှားကိုသိပြီးတောင်းပန်နေပြီလေနင်နည်းနည်းလောက်စိတ်လျော့ပြီးကွာရှင်းတဲ့ထိတော့မလုပ်ပါနဲ့တော့လေ "

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now