အပိုင်း (၂၈)

373 32 0
                                    

Zawgyi

နွေဦးရာသီအစကောက်ပဲသီးနှံတွေစိုက်ပျိုးသည့်အချိန်ကာလမှာအရမ်းပင်ပန်းသည်တချို့ဆိုလျှင်ပင်ပန်းလွန်းတာကြောင့်ကိုယ်အလေးချိန်ကျသွားတက်သည်ထို့ကြောင့်ရှောင်းကျန့်လဲရိပေါ်တို့ကိုအစားအသောက်ကောင်းကောင်းချက်ကျွေးဖို့စီစဉ်ထားသည်ဒီရက်ပိုင်းရာသီဥတုကတဖြေးဖြေးပူနွေးလာသည်ထို့ကြောင့်မနက်ပိုင်းလယ်ထဲယာထဲဆင်းကြမယ့်ရိပေါ်တို့ကိုချက်ကျွေးပြီးလျှင်သူကဆောင်တွင်းတစ်တွင်းလုံးအသုံးပြုခဲ့သည့်စောင်များအားလုံးကိုအပြင်ထုတ်ကာနေလှန်းလိုက်သည်ပြီးမှကျန်တာတွေဆက်လုပ်သည်ယနေ့သူအလုပ်သမားတွေအတွက်ဟင်းချက်ဖို့ပြင်စဉ်လောင်အာ့၏သမီးကရောက်လာသည်

"ကျမအလုပ်တွေလုပ်ကူမလို့လာတာဒေါ်လေးကျမဘာလုပ်ကူပေးရမလဲ "

ရှောင်းကျန့်ကတော့သူ့ကိုဒေါ်လေးဒေါ်လေးနဲ့ခေါ်တိုင်းကြက်သီးတွေတောင်ထထလာသည်ဒီမှာကနေထိုင်လို့အရမ်းကောင်းပြီးငြိမ်းချမ်းမှုကိုလဲခံစားရတယ်သို့သော်အခေါ်အဝေါ်တွေနဲ့ပတ်သတ်လာရင်တော့ရှောင်းကျန့်လဲကူကယ်ရာမဲ့ရတယ်

"ကောင်းပြီအခုငါဟင်းချက်မလို့ပြင်နေတာမင်းရောက်လာတော့အရွက်တွေကူညီပြီးဆေးကြောပေးပေါ့ "

"ဟုတ်ကဲ့ကျမလုပ်လိုက်ပါမယ် "

ယနေ့,နေ့လည်စာကိုဂေါ်ရခါးရွက်ကိုငရုတ်သီးခြောက်တောင့်နဲ့ကြော်မယ်ပြီးတော့ကြက်သားကိုမှိုနဲ့ငရုတ်သီးရောပြီးခြောက်ခြောက်လေးကြော်မယ်ပြီးရင်တော့တို့ဖူးကိုကြေမွနေအောင်ချေပြီးခရမ်းချဉ်သီးနဲ့ပြန်ကြော်မယ်ဒီဟင်းသုံးပွဲနဲ့ဆိုအတော်လေးစားလို့ထမင်းမြိန်မှာခရမ်းချဉ်သီးနဲ့ကြော်ထားတဲ့ချေမွထားသည့်တို့ဖူးလေးကိုထမင်းလေးနဲ့ရောနယ်ပြီးစားရင်အရမ်းကောင်းပဲ

အားလုံးကျက်တော့ခြင်းတောင်းတစ်ခုထဲသို့ထည့်ကာအချိန်ကိုတစ်ချက်ကြည့်ပြီးနေ့လည်စာပို့ဖို့အချိန်ကျပြီဆိုမှကလေးကိုလောင်အာ့သမီးနဲ့ထားခဲ့ပြီးထမင်းပို့ရန်ထွက်လာခဲ့သည်လယ်ထဲရောက်တော့နောက်တောင်ကျနေပြီသူများတွေကသူတို့အိမ်ကလာပို့သည့်ထမင်းဟင်းများကိုအရိပ်ရတဲ့နေရာတွင်ထိုင်ကာထမင်းပန်ကန်ကိုယ်စီဖြင့်စားသောက်နေကြ၏ရိပေါ်တို့သားအဖနဲ့အမေဝမ်တို့မိန်းကလေးအဖွဲ့များကတော့ထမင်းလာပို့တဲ့သူမရောက်သေးတာကြောင့်မနားသေးပဲအလုပ်တွေလုပ်နေ၏ရှောင်းကျန့်ရောက်လာတာမြင်မှပဲလုပ်လတ်စများကိုပြစ်ထားခဲ့ပြီးထမင်းစားနားတော့သည်

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now