အပိုင်း (၁၁၀)

159 19 0
                                    

Zawgyi

ကလေးငိုသံကြောင့်ထင်ပါ့ခြံထဲလိုက်ပတ်ကြည့်နေသည့်ရှောင်မိသားစုဝင်တွေလဲသတိဝင်လာကာကလေးဆီပြေးတော့သည်ပြန်ရောက်တည်းကအိမ်ထဲဝင်သွားသောရှောင်ရှင်းချန်ပင်ထွက်လာခဲ့သည်ဟောက်ရွှမ်းလဲလုပ်စရာတွေကိုပြစ်ချပြီးရောက်လာခဲ့သည်ထို့နောက်ဟောက်ရန်နဲ့ငြင်းခုံနေသည့်ရှောင်စတုတ္ထ၏မိန်းမကိုတွေ့လိုက်၏

ရှောင်ရှင်းချန်လဲတစ်ချက်ဝေ့ဝိုက်ကြည့်တော့အခုထိပါးပေါ်မှာမျက်ရည်တွေမခြောက်သေးသောဝမ်ရှောင်ရှင်းကိုတွေ့လိုက်သဖြင့်မျက်နှာများချက်ချင်းမည်းမှောင်သွားကာအရှေ့ကိုတိုး၍ဟောက်ရန်အနားသို့သွားလိုက်ကာမည်းမှောင်နေသောအမူအယာဖြင့်

"ဟောက်ရန်..ဒီမှာဘာဖြစ်နေတာလဲ?ဘာလို့ဆူညံနေတာ
လဲ''

''ပါးပါး...စတုတ္ထဒေါ်လေးရဲ့သားကရှောင်ရှင်းစီးနေတဲ့မြင်းရုပ်ကိုအရင်ဆုံးဆွဲလုခဲ့တဲ့သူပဲ။သူကရှောင်ရှင်းကိုတောင်မြေ
ကြီးပေါ်ဆွဲချသေးတယ်။ကျနော်ကရှောင်ရှင်းရဲ့မြင်းရုပ်ကိုပြ
န်လိုချင်ရုံပါပဲအဲ့တာကြောင့်သူ့ကိုဆင်းခိုင်းတာ။ဒါပေမဲ့စတုတ္ထ
ဒေါ်လေးကကျနော်သူမရဲ့သားကိုရိုက်တယ်လိုစွပ်စွဲနေလို့''

ဟောက်ရန်၏စကားကိုအနားတွင်ရပ်နေသည့်လူတွေကြားသွားတော့စတုတ္ထမိန်းမ၏မျက်လုံးများပြူးကျယ်သွားကာဟောက်ရန်ကအားလုံးကိုပြောပြလိုက်လိမ့်မယ်လို့သူမ,မထင်ထားဘူးပြီးတော့ရှောင်ရှင်းချန်ကလဲဟောက်ရန်စကားကိုနားထောင်ပြီးမျက်နှာမကောင်းတော့သည်ကိုမြင်တော့သူမလဲအမြန်ပဲငြင်းဆန်ဖို့ပြင်သည်

"မဟုတ်ဘူး..နင်လိမ်နေတာနင်ကမှငါ့သားကိုအနိုင်ကျင့်တာငါမြင်ခဲ့...''

''အဲ့တော့မင်းပြောချင်တာကငါ့သားကလိမ်နေတာပေါ့ဟုတ်လာ။ကောင်းပြီလေငါ့သားကမင်းရဲ့သားကိုရိုက်တယ်ပဲထား
တော့။အဲ့တော့မင်းကဘာလုပ်ချင်လဲ..။မင်းမခံနိုင်ရင်ငါ့အိမ်
ကထွက်သွား..''

''ကျ...ကျမ..မဟုတ်..''

''ဒုတိယအစ်ကိုကျနော့်မိန်းမအစားတောင်းပန်ပါတယ်..။သူ
မကမဆင်မခြင်ပြောတက်ရုံပါပဲနားလည်မှုမလွှဲပါနဲ့။"

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now