အပိုင်း (၁၂၀)

187 27 2
                                    

Zawgyi

ကျန်းချန်တစ်ယောက်တူဖြစ်သူအား,အားမလိုအားမရဖြစ်နေသော်လည်းတူဖြစ်သူ၏ရွေးချယ်တက်မှုကိုတော့အသိအမှတ်ပြုပါတယ်တကယ်တော့သူ့ထံ၌အရွယ်ရောက်နေသည့်သားရှိလျှင်ရှောင်ရွှယ်နဲ့လက်ထပ်ပေးလိုက်ချင်ပါတယ်သို့သော်ကံမကောင်းစွာဖြင့်သူ့သားမှာမှုအတော်လေးငယ်သေး၏

ထိုနေ့တွင်ကျန်းချန်တစ်ယောက်အိမ်ပြန်ရောက်သည်နှင့်လျိုမိသားစုဝင်များအားလျိုချန်အကြောင်းအားပြောပြ၍တစ်မိသားစုလုံးမှာသူ့အတွက်ဝမ်းသာရမည်လားဝမ်းနည်းရမည်လားပင်မသိတော့ပေလျိုချန်အဖေမှာမှုသူ့သား၏သတ္တိကြောင်မှုတို့ကိုပြောဆိုလှောင်ပြောင်နေလိုက်သည်

လျိုချန်၏အမေသည်တော့သူမသား၏နှလုံးသားအားခိုးယူသွာ
းခဲ့သည့်တစ်ဖက်မိန်းကလေးရဲ့အကြောင်းကိုသာမေးမြန်းသည်မည်သည့်မိဘမဆိုမိမိ၏သားသမီးများအားကောင်းသည့်သူနဲ့တွေ့စေချင်ကြတာသဘောဝပဲထို့ကြောင့်သူမသည်လဲရှောင်ရွှယ်၏အကြောင်းအားမေးမြန်းကြည့်ရသေးသည်

ကျန်းချန်သည်လဲသူမသိချင်သည်များအားသူသိသလောက်မကွယ်မဝှက်ပဲပွင့်ပွင့်လင်းလင်းပြောပြလိုက်သည်ကျန်းချန်၏ယောက္ခမသည်လဲအနားတွင်ထိုင်၍နားထောင်နေသဖြင့်ကျန်းချန်၏စကားထဲမှရှောင်ရွှယ်၏အကြောင်းကြားတော့သူမသည်လဲလျိုချန်၏ရွေးချယ်တက်မှုကိုအသိအမှတ်ပြုသည်

''တစ်ဖက်မိန်းကလေးရဲ့မိဘတွေကရောသဘောတူမှာတဲ့လာ
း။သူမကလျိုချန်အလုပ်လုပ်နေတဲ့စက်ရုံပိုင်ရှင်ရဲ့တူမဆိုတော့
။ငါတို့မိသားစုကိုအထင်များသေးလောက်လား??''

တကယ်တမ်းမှာသူတို့မိသားစု၏အခြေနေသည်လဲရွာထဲရှိလူတိုင်းထက်သာသည့်အနေအထားမျိုးရှိသဖြစ်ဆိုးသည့်ထဲမပါ
ပေသို့ပေမဲ့ရှောင်းကျန့်တို့မိသားစုနဲ့တော့မယှဉ်နိုင်ပေထို့ကြောင့်တစ်ဖက်မိန်းကလေး၏ဆွေမျိုးတွေသူတို့အားအထင်မြင်သေးမည်ကိုစိုးရိမ်၏

''အဲ့အတွက်တော့စိတ်ပူစရာမလိုပါဘူးအမေ။ကျနော်အားကျ
န့်ဆီကနေကြားရသလောက်ကတော့အစ်ကိုရှင်းချန်တို့လဲလျိုချန်အပေါ်အမြင်ကောင်းရှိတယ်တဲ့။ပြီးတော့အားကျန့်တို့ညီအ
ကိုသုံးယောက်ကလဲအဲ့လိုအထင်အမြင်သေးတက်တဲ့ထဲမပါဘူး''

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now