အပိုင်း (၁၁၈)

171 26 0
                                    

Zawgyi

အမေရှောင်နှင့်ရှောင်ယို့၏အော်ဟစ်ငိုယိုတောင်းပန်သံများသည်ခြံဝိုင်းတစ်ခုလုံးကိုဖုံးအုပ်လို့သွားတော့သည်အဖေရှောင်မှာမူသူ့မိန်းမနဲ့သမီး၏ဒုတိယသားနဲ့အတူလိုက်လာသောကောလေးအားခေါ်ဆိုပုံကိုကြားပြီးကြောင်အ,သွား၍ထိုကောလေးအားမယုံကြည်နိုင်စွာကြောင်ကြည့်နေမိ၏

ရှောင်စတုတ္ထသားသည်လဲရှောင်းကျန့်အားကြည့်၍အံ့သြလို့သွား၏ကံကောင်းစွာရှောင်ပထမသားသည်တော့မအံ့သြသွားပဲ'ထင်သားပဲ'ဟူသောအမူအယာသာပြလာခဲ့သည်ထို့နောက်အဖေရှောင်တို့သည်ရှောင်ယို့၏သူတို့အားအကူညီတောင်းသံ
ကြားမှသတိပြန်ဝင်လာကြ၏

''ဝူးးဝူးး..အဖေသမီးကိုကယ်ပါအုန်း..ငါးယောက်မြှောက်အစ်ကို့ကိုသမီးကိုလွှတ်ပေးဖို့တောင်းဆိုပေးပါ..ဝူးးဝူးး..သမီးတောင်းပန်ပါတယ်အဖေ..သမီးကိုကယ်ပါအုန်း''

''အဖိုးကြီး..ကျမတို့သမီးကိုလွှတ်ပေးဖို့ပြောပေးပါအုန်း..အကယ်၍ကျမသမီးဖမ်းခေါ်သွားခံရရင်..ကျ..ကျမအသက်မရှင်ချင်တော့ဘူးဝူးးဝူးးဝူးးး''

''ဒါ...ငါ...''

အဖေရှောင်သည်လဲသူ့မိန်းမနှင့်သမီးကြောင့်စိတ်အလွန်ရှုပ်သွားတော့သည်ထို့နောက်ရှောင်းကျန့်အားမော့ကြည့်လိုက်၏အဖေရှောင်မော့ကြည့်လိုက်ချိန်တွင်ရှောင်းကျန့်၏အေးစက်သူစိမ်းဆန်သောအကြည့်ဖြင့်ဆုံသွားသဖြင့်ထိတ်လန့်သွားသည်

''ခများကသူမတို့အတွက်တောင်းဆိုပေးမလို့လား???ဒါဆိုရ
င်တော့မဖြစ်နိုင်ဘူးလို့ပဲကြိုပြောထားပါရစေ။ဒီနေ့သူမကိုတ
ရားရုံပေါ်ရောက်အောင်ခေါ်သွားမယ်။''

''မ..မဟုတ်ပါဘူး..အဲ့လိုမဟုတ်ပါဘူး..။ဒါမဲ့ငါးယောက်မြှော
က်သား..မင်း..မင်းသူမဒီတစ်ခေါက်တော့လွှတ်ပေးလိုက်နိုင်မလား??ဘယ်လိုဖြစ်ဖြစ်သူမကမင်းညီမလေးပါ။သူမကငယ်
သေးတယ်အခုသူမအမှားကိုသိပြီးနောင်တရနေပါပြီ။ဒါကြော
င့်အဖေ့မျက်နှာထောက်ထားပြီးသူမကိုတစ်ခေါက်လောက်တော့ခွင့်လွှတ်ပေးလိုက်ပါ''

''ခများမျက်နှာကိုထောက်ပြီးသူမကိုခွင့်လွှတ်ပေးရမယ်ဟုတ်လာ..ဟားဟားဟား..ခများလာနောက်နေတာလား။ခများရဲ့အ
ရည်ထူနေတဲ့မျက်နှာကဘယ်လောက်တောင်တန်ဖိုးရှိလို့လဲ။ဒါကြောင့်ကျနော်ကဘာလို့ခများရဲ့မျက်နှာကိုထောက်ပြီးသူမကိုလွှတ်ပေးရမှာလဲ??''

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now