အပိုင်း (၈၆)

230 21 1
                                    

Zawgyi

မြို့ပေါ်ရှိတွန်းလှည်းဈေးနှုန်းကသူတို့လို့ရွာသားတွေအနေနဲ့မဝယ်နိုင်ပေထို့ကြောင့်ရွာလူကြီး၏သားနှစ်ယောက်ကလဲတဖန်ရိပေါ်အားအပူကပ်ကာလှည်းလုပ်ပေးခိုင်းရတော့သည်ရိပေါ်ကဤကဲ့သို့လုပ်၍အဖိုးအခယူသော်လည်းဆိုင်ရှင်လျို၏စီးပွားရေးကိုမထိခိုက်ပေအဘယ်ကြောင့်ဆိုသူ့ဆိုင်၌တွန်းလှည်းရပြီဆိုသည်နှင့်မြို့ထဲရှိအထမ်းဈေးသည်တွေကသွားဝယ်ကြသည်

အရင်ကခြေလျင်နဲ့ပင်မြို့တော်တော်ဝေးဝေးကိုသွားနေကြသ
ဖြင့်အခုလိုလေးလေးပင်ပင်မထမ်းရပဲဒီတိုင်းတွန်းလှည်းလေးနဲ့ဆိုတော့ခရီးပိုရောက်သည်ပြီးတော့မြို့ထဲရှိအထမ်းဈေးသည်တွေဆိုတာလဲတစ်ယောက်နှစ်ယောက်ပဲရှိတာမဟုတ်အများကြီးရှိသည်ဆိုင်ရှင်လျိုကလောလောဆယ်တွင်အဆင့်မြင့်သည့်လှည်းကိုမလုပ်သေးပဲဆောင်းတွင်းအတွက်သိမ်းဆည်းထားခဲ့သည်

လက်ရှိမှာဤတွန်းလှည်းလေးနဲ့ရေခဲခြစ်ခုံထို့နောက်သစ်သား
မြင်းရုပ်တို့ကိုသာပြုလုပ်ပြီးရောက်ချသေးသည်သစ်သားမြင်းရုပ်လေးသည်လဲကလေးတွေကြားအတော်လေးဆွဲဆောင်ထားနိုင်ခဲ့သဖြင့်မြို့ပေါ်ရှိချမ်းသာသည့်လူတွေတော်တော်များများကသူတို့ကလေးတွေအတွက်ဝယ်ကြသည်ရောင်းမရသေးသည်ကရေခဲခြစ်ခုံပင်ယခုအချိန်မှာဤပစ္စည်း၏အသုံးပြုပုံကိုမည်သူမှမသိသေးသဖြင့်မဝယ်ကြပေ

ဆိုင်ရှင်လျိုကအသုံးပြုပုံရှင်းပြထားသော်လည်းဤဒေသမှာရေခဲကမရနိုင်သဖြင့်လူတိုင်းစိတ်မဝင်စားကြပေသို့သော်ဆိုင်ရှင်လျိုကဒီကိစ္စနဲ့ပတ်သတ်ပြီးစိတ်မပျက်ခဲ့မကြာခင်အချိန်လေးအတွင်းမှာပဲရှောင်းကျန့်ကသူ့ရေခဲတွေထုတ်ရောင်းတော့မည်ကိုသူကျိန်းသေသိနေ၏ထိုအချိန်ရောက်လျှင်တော့သူ့ရေခဲခြစ်ခုံလဲပစ္စည်းတွေပျက်သွားသည်ထိရောင်းကောင်းပေလိမ့်မည်

အခုဆိုဖောက်သည်တွေကထပ်တိုးလာသဖြင့်ရှောင်းကျန့်လဲအလုပ်သမားတွေရှာရန်ဆုံးဖြတ်လိုက်သည်သူလိုချင်သည့်အလုပ်သမားစံနှုန်းမှာပထမအချက်အကျင့်စာရိတ္တကောင်းမွန်ပြီးအလုပ်ကိုမခိုမကပ်ပဲရိုးသားပြီးကြိုးစားရမယ်၊ဒုတိယအချက်
အလုပ်ထဲကအကြောင်းအရာကိုအပြင်ကိုမပေါက်ကြားစေနိုင်အောင်နုတ်ထိန်းထားနိုင်ရမယ်၊တတိယအချက်သူတို့ကို
သစ္စာမဖောက်ရဘူးဒါပါပဲသို့သော်ရွာထဲမှာအဲ့လိုလူကအရမ်းရှားပါးသဖြင့်ဘယ်မှာသွားရှာရမလဲတောင်မသိတော့ဘူး

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now