အပိုင်း (၇၄)

219 18 1
                                    

Zawgyi

အချိန်တစ်ပတ်ကျော်ကုန်ဆုံးသွားပြီးနောက်မှာရှောင်းကျန့်လိုချင်သည့်ကြိတ်ဆုံကျောက်ဟာလဲပြီးဆုံးသွားတော့သည်ထိုနေ့တွင်ကြိတ်ဆုံကျောက်အားစမ်းသပ်ကြည့်ရန်ရှောင်းကျန့်တစ်ယောက်စိမ်ထားသည့်ပဲပိစပ်ကိုကြိတ်ကြည့်သည်အစပိုင်းမှာသုံးရတာသိပ်အဆင်မပြေသေးသော်လည်းလေးငါးခြောက်ပတ်လောက်လှည့်ပြီးနောက်မှာတော့အဆင်ပြေချောမွေ့သွားကာပဲပိစပ်တွေလည်းအရည်တွေထွက်လာတော့သည်

ဤသည်ကိုမြင်တော့ရှောင်းကျန့်လဲပျော်ရွှင်သွားတော့သည်ထို့နောက်ဝမ်အိမ်ကလူတွေလဲကြိတ်ဆုံကျောက်ပြီးသွားကြောင်း
ကြား၍လာကြည့်ကြ၏အမှန်တကယ်ပြီးသွားကြောင်းတွေ့တော့သူတို့လဲပျော်သွားကြသည်အမေဝမ်ဆိုလျှင်နောက်ဆိုဤ
ကြိတ်ဆုံကျောက်ဖြင့်ရွာထဲငွေရှာလို့ရတော့မည်ဖြစ်ကြောင်းရှောင်းကျန့်အားလာပြော၏သို့သော်လည်းရှောင်းကျန့်ကငြင်းဆိုလိုက်သည်သူကဤကြိတ်ဆုံကျောက်လုပ်ရချင်းရဲ့ရည်ရွယ်ချက်ကိုမမေ့သေးပေ

အမေဝမ်လဲရှောင်းကျန့်ငြင်းလိုက်သည်ကြောင့်အနည်းငယ်စိတ်ပျက်သွားကာရှောင်းကျန့်၌စီးပွားရေးအမြင်မရှိဟုထင်ကာရိပေါ်အားနောက်မှပြောရန်ဆုံးဖြတ်လိုက်သည်အမှန်တကယ်တာ့သူမစီးပွားရေးအမြင်မရှိဟုထင်နေသောရှောင်းကျန့်ဟာသူတို့ဝမ်အိမ်ကိုဦးဆောင်၍လျန်ရာကျော်ဝင်အောင်လုပ်ပေးခဲ့သည်ကိုမေ့နေခဲ့၏သူတို့အိမ်ကြိတ်ဆုံကျောက်ပြီးသွားတော့ရှောင်းကျန့်လဲရိပေါ်အားခေါ်၍သူ့အား(ရိပေါ်)သူ့(ရှောင်းကျန့်)အတွက်တွန်းလည်းနဲ့ရေခဲခြစ်သည့်ခုံလေးလုပ်ပေးရန်တိုက်တွန်းတော့သည်

ရိပေါ်လည်းသူ့ဇနီးကိုအလွန်အလိုချစ်ခင်သောကြောင့်မညည်
းညူပဲခေါင်းညိမ့်ကာချက်ချင်းပဲတောင်ပေါ်သို့တက်ကာသစ်ခုတ်တော့သည်ဤတစ်ခါမှာတော့ရှောင်းကျန့်ကရိပေါ်အားတစ်
ယောက်ထဲမသွားစေပဲဝမ်ညီအစ်ကိုနှစ်ယောက်နဲ့ချောင်ကွမ်းကိုပါခေါ်သွားစေသည်ရိပေါ်လဲသူ့ဇနီးစကားကိုနားထောင်ကာသူ့ညီနှစ်ယောက်နဲ့ယောက်ဖကိုခေါ်၍မနက်စောစောတောင်ပေါ်သို့တက်သွားသည်ဝမ်ညီအစ်ကိုတွေလဲသူ့တို့အစ်ကိုကြီးကသူတို့အားလိုအပ်နေသောကြောင့်အလုပ်ကိုနားပြီးလိုက်သွားပေးကြသည်

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now