အပိုင်း (၁၈)

414 35 0
                                    

Zawgyi

Zawgyi

တစ်ညတွင်မိုးတွေကအရမ်းရွာတာကြောင့်မိသားစုလေးယောက်ညစာစားပြီးသောက်ပြီးတာနဲ့အိပ်ယာဝင်ခဲ့ကြသည်အားလုံးအတော်လေးအိပ်မောကျနေစဉ်ခြံတံခါးကိုတဒုတ်ဒုတ်ဖြင့်အဆက်မပျက်ထုရိုက်သံကိုကြားလိုက်သဖြင့်ထကြည့်လိုက်ကြသည်ရိပေါ်ကခမောက်လေးစောင်းကာခြံတံခါးကိုအမြန်သွားဖွင့်ကြည့်၏ထိုနောက်တွင်ရိပေါ်နောက်သို့လိုက်ကာဝင်လာသည့်မိုးရေတွေဖြင့်စိုရွဲနေသည့်အမျိုးသားတစ်ယောက်ကိုတွေလိုက်သည်မူလပိုင်ရှင်၏မှတ်ဥာဏ်ထဲကိုပြန်ရှာဖွေကြည့်တော့ဤအမျိုးသားကရိပေါ်၏ဝမ်ကွဲဖြစ်မှန်းသိလိုက်ရသည်သူ့နာမ်မည်ကဝမ်ထောင်းဖြစ်ပြီအဖေဝမ်ရဲ့အစ်ကိုကြီး၏အစ်ကြီးဆုံးသားဖြစ်သည်သူကရိပေါ်ထက်အသက်နှစ်နှစ်ကြီးကာကလေးသုံးယောက်ရှိပြီးအကြီးဆုံးကလေးက14နှစ်ရှိပြီးကောတစ်ယောက်ဖြစ်သည်ကျန်နှစ်ယောက်ကတော့သာမန်ယောင်္ကျားလေးပင်

ဝမ်ထောင်းတို့ညီအစ်ကိုမှာလေးယောက်ရှိပြီးနံပါတ်၂နဲ့နံပါတ်၎ကကောများဖြစ်ကြသည်သူတို့ညီအစ်ကိုများအားလုံးဟာအိမ်ထောင်ကျသွားပြီးကြကာအငယ်ဆုံးပင်မကြာသေးမှီကအိမ်ထောင်ကျသွားခဲ့သည်

"အစ်ကိုကြီးထောင်းညကြီးမင်းကြီးမိုးရေတွေလဲစိုလို့ဘာဖြစ်လို့လဲ "
သူလဲအိပ်ခန်းထဲကိုပြန်သွားကာဗီဒိုထဲရှိရိပေါ်၏တပတ်ကိုယူပေးကာမေးလိုက်သည်

"လောင်တရဲ့ဇနီးငါကြားတာမင်းကဆေးသမားတော်ရဲ့တပည့်ဆိုဟုတ်လား "

"ဟုတ်ပါတယ်ဘာဖြစ်လို့လဲ "

"ဒါဆိုမင်းလဲဆေးကုသနိုင်တယ်မလာ " ဝမ်ထောင်းကအက်ကွဲနေသည့်အသံသို့နှင့်သူ့အားမျှော်လင့်ချက်များဖြင့်ကြည့်ကာမေးလာတာကြောင့်သူလဲတစ်ခုခုတော့ဖြစ်နေမှန်းရိပ်မိသွားကာရိပေါ်လဲရိပ်မိသွားကာမေးတော့သည်

"ဝမ်ကွဲအစ်ကိုဘယ်သူဘာဖြစ်လို့လဲကျနော့်မိန်းမကကုသနိုင်ပါတယ် "

ထိုစကားကြားမှဝမ်ထောင်းလဲမျက်လုံးများနီရဲလာကာသူတို့ကာအက်ကွဲနေသည့်အသံဖြင့်အကူညီတောင်းတော့သည်
"မင်းငါတို့အဖေကိုလိုက်ကုပေးနိုင်မလားငါတောင်းဆိုပါတယ် "

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now