အပိုင်း (၇၂)

236 21 1
                                    

Zawgyi

ဝမ်ရှောင်ရှင်းလဲစီးချင်နေ၍မငြင်းတော့ပဲညီလေးနှစ်ယောက်နဲ့အတူသစ်သားမြင်းရုပ်လေးစီး၍ပျော်ပျော်ကြီးဆော့နေတော့သည်ဤခေတ်ကြီးမှာကလေးတွေကစားစရာကသိပ်မဘောများတော့အသစ်အဆန်းမြင်လျှင်ကလေးတွေကလိုချင်ကြသည်ဤတစ်ရွာလုံးတွင်ရှိသည့်မည်သည့်ကလေးကမှဝမ်ဝမ်တို့ညီအစ်ကိုလောက်ကစားစရာတွေမရှိကြပေထို့ကြောင့်ဝမ်ဝမ်တွေညီအစ်ကိုတွေအပြင်ထွက်ဆော့တိုင်းရွာထဲရှိကလေးတွေအားသူတို့၏သစ်သားမြင်းရုပ်လေးကိုအမြဲကြွားဝါးတက်သည်

ထိုသို့အချိန်မျိုးတွင်ရွာထဲရှိကလေးတွေကသစ်သားမြင်းရုပ်ဆိုတာဘာမှန်းမကြားဖူးမမြင်ဖူးသော်လည်းဝမ်ဝမ်တို့ညီအစ်ကိုအားမနာလိုအားကျနေတက်ကျသည်ဝမ်ဝမ်တို့ကလဲထိုအရာကိုအရမ်းသဘောကျနေတက်ကြ၏မနေ့ကရွာသားတွေသူတို့အိမ်လာလည်တော့ကလေးတွေလဲခေါ်လာခဲ့သဖြင့်ခြံထဲတွင်ထားထားသည့်ဤသစ်သားမြင်းရုပ်ကြီးကိုမြင်သွားကာလိုချင်
ကြ၍မိဘများကိုအတင်းပူဆာကျတော့၏ထိုမိဘတွေလဲဤသည်ကိုမြင်တော့ရေခဲပြုလုပ်နည်းမရလျှင်လဲဤမြင်းရုပ်လုပ်နည်းလောက်တော့ပြောပြရန်ဟူသောအကြံဖြင့်အရိပ်အမြွက်ထက်ပြသော်လည်းရှောင်းကျန့်ကတော့အရူးလိုလုပ်ကာနားမလည်ချင်ယောင်ဆောင်လိုက်သည်

ကလေးမိဘတွေလဲရှောင်းကျန့်၏သဘောထားကိုမြင်၍သူတို့တွေပါးစပ်အမြုပ်ထွက်အောင်မည်မျှလောက်ပြောပြောမရနိုင်သည်ကိုသိ၍ငိုယိုအော်ဟစ်ကာပူဆာနေသောသူတို့၏ကလေးတွေကိုရိုက်နှပ်ကာစိတ်ပျက်လက်ပျက်ဖြင့်ပြန်သွားကြသည်ကလေးတွေကလဲမိဘတွေဆီကအရိုက်ခံရတော့ကြောက်သွားကာထပ်မပူဆာရဲတော့ပေသို့ပေမဲ့ယနေမှာတော့ကလေး
တွေကရှောင်းကျန့်တို့အိမ်ကိုမိဘတွေမပါပဲရောက်လာကျသည်

ရှောင်းကျန့်လဲဤဘာမှနားမလည်သေးသောကလေးတစ်သိုက်ကိုနှင်မထုတ်ပဲဝမ်ဝမ်တို့ညီအစ်ကိုတွေနဲ့ဆော့စေသည်အစပိုင်း၌ကလေးတွေကရှောင်းကျန့်ကိုကြောက်နေသေးသည်ထို့ကြောင့်သူတို့လေးတွေသတိကြီးကြီးထား၍ဆော့ကျသေးသည်သို့သော်လည်းအချိန်ကြာလာသည်နဲ့အမျှဆော့ကစားကြသည့်ထဲစိတ်ကရောက်သွားတော့ရှောင်းကျန့်ကိုပင်ကြောက်ရမှန်းမေ့သွားကြသည်ရှောင်းကျန့်လဲအလုပ်လုပ်ပြီးတာနဲ့သူတို့အားကြည့်၍မနေ့ကတူးလာသည့်ဆေးပင်ဆေးမြစ်တွေကိုထိုင်၍ဆေးကြောနေလိုက်သည်

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now