အပိုင်း (၇၈)

215 18 2
                                    

Zawgyi

ချောင်ကွမ်းလဲသူအိမ်ကနေယူလာသည့်ထိုင်ခုံလေးတစ်လုံးချကာထိုင်လိုက်သည်သူကဝယ်သူတွေထိုင်စားစေရန်စာပွဲတွေခုံတွေယူမလာခဲ့ပေသူကဒီတိုင်းအလာလမ်းတွင်ပန်ကန်ခွက်အနည်းငယ်သာဝယ်ခဲ့ပြီးဝယ်သူများကိုခွက်ထဲထည့်ပေးပြီးအနီးအနားရှိအရိပ်ရသောနေရာတွင်သူတို့ဟာသူတို့ထိုင်စားစေမည်ထို့ကြောင့်သူကဤချောင်ကျပြီးအရိပ်ရသည့်နေရာကိုတမင်ရွေးချယ်ခဲ့သည်

ဤနေရာကအနည်းငယ်ချောင်ကျသဖြင့်မည်သူမှဈေးမခင်းချင်ကြပေသို့သော်ချောင်ကွမ်းကသူများနဲ့မတူစွာဤနေရာကိုတမင်ရွေးချယ်ခဲ့သည်သူကရေခဲခြစ်ရောင်းမှာဖြစ်၍မရောင်းရမှာကိုစိတ်မပူပဲယုံကြည်မှုအပြည့်ရှိပေသည်သူ့နားတွင်ရောင်းသည့်ဦးလေးကြီးကအဖေဝမ်တို့အရွယ်လောက်တော့ရှိပေမည်သူက(ဦးလေးကြီး)ချောင်ကွမ်းတစ်ယောက်ထိုင်နေသည်ကိုတွေ့တော့

"ကောင်လေးမင်းကအသစ်လား?အရင်ကမတွေ့ဖူးဘူး "

"ဟုတ်ပါတယ်ဦးလေးကျနော်ကဒီနေ့မှစလာရောင်းတာပါ "

"ဟုတ်လာ..ဒီတော့မင်းကဘာရောင်းမလို့လဲကောင်လေး။ဦး
လေးကိုတစ်မျိုးမထင်ပါနဲ့ဦးလေးကဒီတိုင်းမေးကြည့်တာပါ။ဦးလေးကတော့ပေါက်စီရောင်းတာလေ"

"မထင်ပါဘူးဗျာ။ကျနော်ကရေခဲခြစ်ရောင်းမလို့ပါဦးလေး "

"ရေခဲခြစ်ဟုတ်လာ?အဲ့တာကဘယ်လိုမျိုးပါလိမ့်တစ်ခါမှလဲမ
ကြားဖူးဘူး"

"အဲ့ဒါကရေခဲကိုသစ်သီးတွေနဲ့လုပ်ပြီးစားရတာပါ '' ဟုပြောလိုက်ပြီးချောင်ကွမ်းကထိုဦးလေးကြီးမြည်းစမ်းရန်တစ်ခွက်လောက်ပြင်ဖို့ဆုံးဖြတ်လိုက်သည်

ထို့နောက်ရေခဲပုံးထဲကရေခဲတုံး1တုံးကိုထုတ်ပြီးအဖုံးပြန်အုပ်လိုက်ကာရေခဲတုံးကိုရေခဲခြစ်ခုံပေါ်သို့တင်လိုက်ပြီးရေခဲတုံးပေါ်တွင်အဝတ်သန့်သန့်လေးခံကာရေခဲတုံးအားသေချာကိုင်ပြီး
ခြစ်လိုက်သည်ဦးလေးကြီးကဒီလိုမျိုးတစ်ခါမှမမြင်ဖူးတော့ချောင်ကွမ်းလုပ်သမျှကိုအသေအချာလိုက်ကြည့်နေ၏

ရေခဲတစ်ပွဲစာပြင်ဖို့လောက်သည်ထိခြစမပြီးနောက်ရေခဲတုံးကိုပုံးထဲပြန်ထည့်ထားလိုက်ကာခြစ်ထားသည့်ရေခဲအားယူ၍သစ်သီးယိုထည့်ပြီးပွဲပြင်လိုက်သည်သူကဦးလေးကြီးကိုကျွေးဖို့ဆိုသော်လည်းဈေးကြီးပေးဝယ်ရသည့်ယိုတော့မထည့်ပေးနိုင်သဖြင့်လိမ္မော်ယိုကိုသာထည့်ပေးလိုက်၏ထို့နောက်ထိုဦးလေးကြီးအားကမ်းပေးလိုက်ကာ

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now