အပိုင်း (၁၁)

441 41 0
                                    

Zawgyi

အထဲရောက်တော့ရှောင်းကျန့်ကလဲအချိန်ဆွဲမနေတော့ပဲဒဲ့တိုးပဲမေးတော့သည်"ဘယ်လိုလဲခများကျတော်တို့နဲ့အရောင်းအဝယ်လုပ်တော့မလား "

"ဒါပေါ့ကွာမင်းဘယ်လောက်နဲ့ရောင်းမှာလဲ " ဒီအရောင်းအဝယ်ပစ္စည်းကိုသူအရမ်းကြိုက်သည်ဒီစက်နဲ့သူငွေများများရှာနိုင်မယ်လို့လဲထင်မိတယ်

"ကောင်းပြီကျတော်စက်တစ်လုံးကို၆၀လျန်လိုချင်တယ် " ရှောင်းကျန့်လဲသူလိုချင်တဲ့ဈေးနှုန်းအတိုင်းပြောလိုက်သည်

ဈေးနှုန်းကိုကြားတော့ဆိုင်ရှင်ကမျက်မှောင်ကြုတ်သွား၏ဆိုင်ရှင်တစ်ယောက်ထဲမဟုတ်ရိပေါ်နဲ့လောင်စန်းပင်ဈေးနှုန်းကြောင့်လန့်သွားရသည် " ဒါကဈေးအရမ်းများလွန်းတယ် "

ရှောင်းကျန့်ကပဲစိတ်ရှည်လက်ရှည်ရှင်းပြလိုက်ရတယ်
"တကယ်တော့ခများဒါကိုဈေးများတယ်လို့ပြောလို့မရဘူးခများစက်တစ်လုံးကိုလျန်၉၀ ၊ ၁၀၀ နဲ့ရောင်းနိုင်တယ်ပြီးတော့ဒီ
မြို့ထဲမှာဆန်ဆိုင်နဲ့အခြားပဲအမျိုးမျိုးနဲ့ပြောင်းတွေဂျုံတွေဆိုင်ကအများကြီးပဲ "

ရှောင်းကျန့်စကားကဆီလျော၏မြို့ထဲမှာဆိုင်ဆိုင်တွေအများကြီးရှိတယ်ပြီးတော့မရောင်းရမှာကိုစိတ်ပူစရာမလိုပေအဘယ်ကြောင့်ဆိုဒီစက်ကတကယ်ကိုကောင်းပြီးဆန်ဆိုင်တွေနဲ့လယ်သမားတွေအတွက်အမှန်တကယ်လိုအပ်သည်လယ်သမားများကမဝယ်ယူသုံးစွဲနိုင်ပေမဲ့ဆန်ဆိုင်တွေကတော့၁၀၀လျန်လောက်ကိုပေးချေနိုင်သည်ဒီလိုစဉ်းစားမိတော့ဆိုင်ရှင်လဲ၆၀လျန်နဲ့ဝယ်ရန်သဘောတူလိုက်သည်

"ကောင်းပြီ "

"အဟမ့်..တကယ်တော့ကျတော်ဒီနေ့ခများနဲ့စပါးလှေ့ စက်တစ်မျိုးထဲနဲ့စီးပွားရေးလုပ်ချင်တာမဟုတ်ဘူး "

"အို..မင်းမှာနောက်ထပ်စိတ်ဝင်စားစရာများရှိသေးတာလား "

"အဲ့လိုမဟုတ်ပါဘူးကျတော်ကဒီတိုင်းစပါးလှေ့စက်ရဲ့လုပ်နည်းကိုပဲရောင်းချင်တာပါ "

"ဘာပြောတယ် " သူပဲနားကြားမိသလားမသိဒီကောအာကစပါး
လှေ့ စက်လုပ်နည်းကိုရောင်းချင်နေသည်တဲ့လေ
"မင်းတကယ်ပြောနေတာလား "

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now