အပိုင်း (101)

206 20 5
                                    

Zawgyi

ထို့နောက်အသားကောင်းတွေအဆီများအသားတွေအရိုးတွေစသည်များကိုကျိုင်းကောင်ပမာအကုန်သိမ်းကျုံးပြီးဝယ်ယူလိုက်သည်ပြီးနောက်မီးပုံးများနဲ့ဘိုးဘွားတွေကန်တော့ဖို့အမွှေးတိုင်းနဲ့ဘိုးဘွားတွေအတွက်မီးရှိုးဖို့စက္ကူတွေလဲသွားဝယ်သည်ရှောင်းကျန့်မှာသေသွားသည့်မိဘမရှိပေမဲ့မူလကိုယ်ပိုင်ရှင်၏ဆုံးပါးသွားပြီဖြစ်သည့်ဆရာ၏အုပ်ဂူသို့သွားရောက်ဂါရဝပြုရပေမည်

သေချာစုံလင်စွာဝယ်ပြီးနောက်သူတို့လဲအိမ်ပြန်လာကြသည်အိမ်သို့ရောက်တော်ကိုယ်စီအိမ်ပြန်သွားကြပြီးလုပ်စရာရှိတာများကိုလုပ်ကြ၏ရှောင်းကျန့်နဲ့ရိပေါ်တို့မိသားစုလေးယောက်လဲအိမ်ကိုပြန်ရောက်တော့သန့်ရှင်းရေးဘာညာလုပ်လိုက်ပြီးအိမ်အနှံ့မီးပုံးလေးတွေလိုက်ချိတ်သည်ထို့နောက်ဝယ်ခြမ်းလာသည့်အသားတွေအရိုးတွေကိုကိုင်တွယ်သည်

ယနေ့ည၌ဝမ်အိမ်မှာပဲစုပြီးနှစ်သစ်ကိုကြိုကြမှာဖြစ်၍သူတို့လဲဘာမှသိပ်မလုပ်ထားတော့ပေမနှစ်ကတော့ရှောင်ရှင်းချန်တို့ရှိသဖြင့်ဝမ်အိမ်သို့မသွားဖြစ်ခဲ့ကြပေယခုနှစ်မှာတော့ရှောင်ရှင်းချန်တို့ကသူတို့အိမ်ကိုပြောင်းရွေ့သွားသဖြင့်ရှောင်းကျန့်တို့လဲဝမ်အိမ်ကိုသွားလိမ့်မည်မသွားရင်လဲအဆင်ပြေပေမဲ့ရှောင်းကျန့်ကရိပေါ်၏ခံစားချက်ကိုထည့်သွင်းစဉ်းစား၍သွားရန်ဆုံးဖြတ်လိုက်သည်

ဘာမှဖြစ်ဖြစ်နှစ်သစ်ကိုတစ်နှစ်မှတစ်ခါပဲကြိုရသည်မလားဒီတော့မိဘတွေညီအစ်ကိုမောင်နှမတွေနဲ့စုံစုံလင်လင်ကြိုရတော့ရိပေါ်အတွက်ကောင်းတာပေါ့ရိပေါ်သည်မနှစ်ကပြောထားသည့်အတိုင်းအမေဝမ်တို့အားဤနှစ်တော့ဟော့ပေါ့လုပ်ကျွေးဖို့ဆုံးဖြတ်ထား၏ပြီးတော့ဈေးထဲမှာတည်းကတခြားညီအစ်ကိုတွေနဲ့လဲတိုင်ပင်ထားပြီးသားဖြစ်သည်

ဒီတော့သူတို့ယနေ့ညတွင်ဝမ်အိမ်သို့ချက်ပြီးသားဘာဟင်းမှယူမသွားပဲအသားစိမ်းငါးစိမ်းနဲ့ဟင်းသီးဟင်းရွက်နည်းနည်းစီပဲယူ၍မိုးမချုပ်ခင်ဝမ်အိမ်သို့ရှောင်းကျန့်ကစောစောသွား၍ဟော့ပေါ့ဟင်းရည်ချက်ရပေမည်ကျန်သည့်မိသားစုနှစ်စုဖြစ်သည့်ဒုတိယအိမ်နဲ့တတိယအိမ်ကအမျိုးသမီးကျိုးနဲ့စုကောအာသည်လဲရှောင်းကျန့်အားလာကူညီလိမ့်မည်

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now