အပိုင်း (၇၉)

214 19 1
                                    

Zawgyi

ဆိုင်ရှင်အဖိုးကြီးကပြောရင်းဖြင့်အပြုံးကိုမရပ်တန့်နိုင်ခဲ့ပေသူ့လေသံထဲတွင်သူ့သားလေးအကြောင်းပြောလျှင်ချစ်ခင်မှုလေ
းတွေပါဝင်နေပြီးသူ့သားမက်အကြောင်းပြောလျှင်တော့ဂုဏ်ယူမှုအနည်းငယ်ပါဝင်လေသည်ရှောင်းကျန့်တို့လဲနားလည်သွားသလိုခေါင်းငြိမ့်ပြကာဆိုင်ပစ္စည်းတွေကိုလဲနောက်မှဆိုင်ခန်းလွှဲပြောင်းသည့်နေ့မှငွေချေ၍ဝယ်ယူမည်ဟုပြောလိုက်သည်အဖိုးကြီးကလဲသဘောတူလိုက်သည်

ထို့နောက်ရှောင်းကျန့်တို့လဲမြို့ဈေးထဲခဏလောက်ပတ်ပြီးဝယ်ချင်တာလေးရှိရင်ဝင်ဝယ်ကာအိမ်ပြန်လာခဲ့ကြသည်ဆိုင်ခန်းကမပြောင်းရွေ့ရသေးတော့သူတို့၌လုပ်စရာဟူ၍မရှိသေးပေထို့ကြောင့်ဤကျန်နေသည့်3ရက်ကိုရှောင်ရှင်းချန်အားဝက်ရိုးမျှစ်ချဉ်ခေါက်ဆွဲမည်သို့လုပ်ရန်သင်ပြပေးရန်ဆုံးဖြတ်လိုက်သည်ခါက်ဆွဲအေးနဲ့ပဲတီစိမ်းဂျယ်လီခေါက်ဆွဲအေးမည်သို့လုပ်ရန်နှင့်ဆန်တို့ဖူးမည်သို့လုပ်ရန်သင်ပြပေးရန်လဲဆုံးဖြတ်ထားသည်

သင်ပြတယ်ဆိုသော်လည်းလုပ်ပြီးသားကိုဟင်းပွဲမည်သို့ပြင်ရန်သာဖြစ်သည်ရှောင်းကျန့်ကအစအဆုံးသင်ပေးချင်ပေမဲ့ရှောင်ရှင်းချန်ကသူ့ညီအားအခွင့်အရေးမယူချင်သောကြောင့်လုံးဝ
ငြင်းဆန်ပြီးသူလဲတခြားသူတွေလိုရှောင်းကျန့်ဆီလက်လီလက်ကားဝယ်မည်ဟုဆို၏အဆုံးတွင်ရှောင်းကျန့်လဲလက်လျှော့ကာခေါင်းငြိမ့်သဘောတူလိုက်ရသည်

မွန်းလွှဲအချိန်တွင်ချောင်ကွမ်းတစ်ယောက်အိမ်သို့ပြန်လာ၏သူ
ပြန်လာချိန်တွင်အမေဝမ်နဲ့သူ့ချွေးမတွေခြံထဲစကားပြောရင်းအပ်ချုပ်ရင်းချန်တွင်ဖြစ်သည်ချောင်ကွမ်းကတွန်းလှည်းကိုအိမ်ထဲသို့သွင်းလိုက်သည်မိန်ညန်ကလဲသူမ၏ယောင်္ကျားပြန်လာသည်ကိုတွေ့တော့အမောပြေစေရန်ရေတစ်ခွက်ခပ်၍ပေးလိုက်သည်ချောင်ကွမ်းလည်းနေပူကြီးထဲလမ်းလျှောက်လာခဲ့သ
ဖြင့်အတော်လေးကိုမောပန်းနေသောကြောင့်သူ့မိန်းမခပ်၍ပေးလာသောရေကိုသောက်လိုက်သည်

"အိမ်မှာဘာချက်လဲကိုယ်ဗိုက်အရမ်းဆာနေပြီ ''

''ကျမဒီနေ့အသားခြောက်မီးဖုတ်ပြီးရှင့်အတွက်ဖယ်ပေးထားတယ်။ရှင်ဒီမှာစောင့်နေလေကျမထမင်းသွားထည့်ခဲ့ပေးမယ်''

ရှေးခေတ်တွင် ပျော်ရွှင်သောဘဝဆီသို့(Completed )Where stories live. Discover now