chapter 3-1

148 7 1
                                    

မူလရှောင်ယောင်အနေနဲ့တော့ ကျီဟွိုက်ဘယ်လောက်တော်တယ်ဆိုတာကို သုံးရက်သုံးညပြောပြရရင်တောင် မမောမပန်းပဲပြောနိုင်မည်ဖြစ်သည်။

ကိုယ်ပိုင်အသိဉာဏ်ပြန်ရသွားတဲ့ ရှောင်ယောင်အနေနဲ့တော့ ကျီဟွိုက်ကောင်းကြောင်း တစ်ခုမျှမပြောနိုင်ပေ။

'ငါဘယ်လိုစာတော်အောင်လုပ်ရမလဲ?'

စီနီယာအကိုကြီးသုံးယောက်ရဲ့ ချစ်သည်းညှာ တွင် ရှားယောင်သည် ကျီဟွိုက်ကို စိတ်ရင်းဖြင့် ကြိုက်ခဲ့သော်လည်း သူသည်တော့ သူမကို လုံးဝမကြိုက်ပဲ သူမ၏အမကိုသာကြိုက်နှစ်သက်နေသည်ကို သိသွားခဲ့ကာ ရှားယောင်တစ်ယောက် အလွန်အမင်းစိတ်ထိခိုက်သွားခေဲ့ရတော့သည်။

သူမသည် ကျီဟွိုက်ဘယ်သွားသွားတစ်ကောက်ကောက် လိုက်နေခဲ့သည်။ ကျီဟွိုက် သူမအပေါ်ဘယ်လိုခံစားချက်ရှိသည်ကို ပင် သဘောမပေါက်ပဲ သူ့နားတွင်သာ ကပ်တွယ်နေခဲ့သည်။

"ရှားယောင် နင်မလွန်လာနဲ့နော် ။ ဘာလို့ နေ့တိုင်းကျောင်းက သူငယ်ချင်းတွေကို အနိုင်ကျင့်နေရတာလဲ?"

သူမဆူငေါက်ပြီးသည်နှင့် အဖြူရောင်ဝတ်ထားသော ကောင်လေးကိုလှည့်ကြည့်လိုက်ကာ "တောင်းပန်ပါတယ် နော် ငါ့ရဲ့ ညီမက ဒီလိုမျိုးတွေလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကြည့်ရတာ ငါသူမကို ဂရုမစိုက်မိလို့ပါပဲ ။ တောင်းပန်ပါတယ်"

သူမကိုယ်တိုင် အမှားလုပ်ခဲ့သည့်အတိုင်း သူမမျက်လုံးများသည် တောင်းပန်မှုများရှိနေခဲ့သည်။

ကျီဟွိုက်သည် ရုတ်တရက်ပေါ်လာသည့် မိန်းကလေးအားတစ်ချက်ကြည့်လိုက်သည်။ သူတို့ညီအမနှစ်ယောက်သည် လုံးဝပင် မတူသည်ကိုတွေ့လိုက်ရသည်။

ရှားယောင်ထိုစကားကိုကြားလိုက်သည်နှင့် သူမပျော်သွားကာ တဟားဟားရယ်တော့သည်။ ရှားယောင်သည် သူမလျှောက်ရမည့်လမ်းအား အဆုံးတိုင်လျှောက်မည်ဖြစ်သဖြင့် ထရန်ပြင်နေသော ကျန်းစန်းကို နောက်ထပ်ခဲတစ်လုံးဖြင့် ပစ်လိုက်တော့သည်။

သူမရှားရှီကို အထင်သေးစွာကြည့်လိုက်ပြီး "နင်က ငါ့ရဲ့ အမေလား အဖေလား။ ငါ့ကို ဂရုစိုက်ဖို့ နင့်ကိုလိုတယ်များထင်နေလား?
ပြီးတော့ ဒါကအိမ်ပြန်တဲ့လမ်းမဟုတ်ဘူးနော် ။ ချစ်ရတဲ့ အမလေး နင်ဘာလို့ ငါ့နောက်လိုက်လာတယ်ဆိုတာ ပြောပြပါလား?"

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now