အချိန်တစ်ခုအကြာအထိ စာရွက်ပေါ်သို့ ဘောပင်ဖြင့်ရေးနေသည့်အသံကိုသာ ကြားနေရသည်။
စာဖတ်ခန်းတွင် ပြင်းထန်သည့် လေ့လာမှုလေထုတစ်ခုဖြစ်ပေါ်နေသည်။ Taskမပေးသေးတာကြောင့် ရှားယောင် ဘာမှမလုပ်ခဲ့ပေ။ သူမသည် ထိုင်ကာ သင်္ချာမေးခွန်းများကို ဖြေရှင်းနေသည်။
ရှားယောင်သည် သင်္ချာမေးခွန်းတစ်စုံကို ဖြေရှင်းပြီးသွားပြီဖြစ်တာကြောင့် လန်းဆန်းနေသည်။
[ 9:12 ရှိပြီဖြစ်တာကြောင့် host ရဲ့ ကိုယ်ပိုင်အသိဉာဏ်ကို နောက်ဆယ်မိနစ်အတွင်း ဖယ်ရှားသွားပါမယ် ] စနစ်ရဲ့ သတိပေးချက်သည် သူမစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ရှားယောင်ရဲ့ မျက်နှာအမူအရာပြောင်းသွားကာ ရှားရှီကို ကြည့်ရန် ခေါင်းအနည်းငယ်စောင်းလိုက်သည်။ သူမရှားရှီ နှင့် ကျီဟွိုက်တို့ အတူရှိနေပြီး သူတို့ဘာလုပ်ရမည်မသိဖြစ်နေတာကို မြင်လိုက်ရသည်။
တစ်ချို့မိန်းကလေးများသည် ရှားရှီ နှင့် ကျီဟွိုက်တို့ အနားတွင်ရှိနေတာကြောင့် သူတို့မကြားနိုင်အောင် အသံတိုးကာ တီတိုးပြောနေကြသည်။
သို့ပေမဲ့ ရှားယောင်သည်တော့ ငယ်ရွယ်စဉ်ကတည်းက ထက်မြတ်တာကြောင့် သူမကြားခဲ့သည်။
"ဟဲ့ ကျီဟွိုက်က ရှားရှီကို ကြိုက်နေတာလို့ပြောလို့ရတယ်နော်။ သူကရှားရှီအတွက် စာကြည့်ခန်းကို လာတာဖြစ်ရမယ်"
"ဟုတ်တယ် ဟုတ်တယ် သူတို့နှစ်ယောက်ကို အတူတူတွဲမြင်ရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ ။ လိုက်ဖက်တဲ့အတွဲလေး။ ငါလုံးဝမနာလိုမနေဘူးနော်"
"ဟားဟား ရှားယောင်ဝင်လာကတည်းက စာလုပ်နေတာကို သတိထားမိတယ်မလား။ ကြိုးစားနေပုံက ငါ့ကိုရယ်မိအောင်လုပ်နေတာပဲ"
"ကျီဟွိုက်ကို ဆွဲဆောင်ဖို့ ကျောင်းသူကောင်းပုံရိပ်ဖမ်းနေတာဖြစ်မှာပေါ့။ သူမကနောက်ဆုံးအဆင့်ဆိုတာကို မသိတဲ့သူရှိလို့လား။ ပြီးတော့ ကျီဟွိုက်က ခုမှကျောင်းပြောင်းလာတာမလို့ သူမဘယ်လောက်တုံးတယ်ဆိုတာ မသိသေးတာဖြစ်မယ်"
YOU ARE READING
ဖယ်စမ်း ! ငါစာလုပ်နေတယ် (ဘာသာပြန်)
Teen Fictionဝတ္ထုထဲတွင် သမီးအစစ်သည် မနာလိုကာ ရူးသွပ်နေစဉ်တွင် လူတိုင်းသည် သမီးအတုကို သဘောကျကြပြီး အမျိုးသားငယ်လေး သုံးယောက်သည်ပင် သူမကို နှစ်သက်နေကြသည်။ သမီးအတုကို အန္တရာယ်ပြုရန်စေခိုင်းခဲ့သော်လည်း သူမသည်သာ သေဆုံးခဲ့ရသည်။ အခုတော့ ------- ရှားယောင် - နောက်ဆုံ...