Chapter 2 -1

182 7 1
                                    

အရင်နှစ်တုန်းက G ပြည်နယ်တွင် ရာစုနှစ်တစ်ခုအတွင်း ဖြစ်တောင့်ဖြစ်ခဲ ရေကြီးမှုဖြစ်သွားခဲ့သည်။ လူငယ်တစ်ယောက်အနေနဲ့ အပျက်အစီးတွေအကြားမှာ သတ္တိအပြည့်ဖြင့် ကယ်ဆယ်လုပ်ဆောင်ခဲ့သော ရှားယောင်သည် ရုပ်မြင်သံကြားတွင် ထွက်ပေါ်လာခဲ့သည်။ သူမရဲ့ မိဘများက မထင်မှတ်ပဲ တွေ့လိုက်ကာ သူမကို အိမ်သို့ပြန်ခေါ်လာခဲ့ကြသည်။

သူမရဲ့ အသွင်အပြင်သည် မိဘများ၏ အမွေကို ကောင်းစွာရရှိထားလေသည်။ သူမရဲ့ အဖေသည် သူနှင့်တူသည်ဟုပြောခဲ့ပြီး သူမအမေသည်တော့ သူမနှင့်တူသည်ဟုပြောလာတော့သည်။ သို့သော် ဘယ်လိုပဲ ကြည့်ပါစေ သူတို့၏သမီးအရင်း ဖြစ်သည်ဆိုတာကိုတော့ တပ်အပ်ပြောနိုင်ပေသည်။

မိသားစုမှ ငွေဖြင့် သူမသည် သဘာဝကျစွာပင် ဝီလ်စတန် အထက်တန်းကျောင်းသို့ ပို့ပေးခဲ့သည်။

ကျောင်းနာမည်သည် ကျောင်းသက်တမ်းကို ဖော်ပြနေလေသည်။

ဝူတုံ လမ်းသည် ဝီလ်စတန်အလယ်တန်းကျောင်းဝင်ပေါက်တွင်ဖြစ်ပြီး ငါးမီတာ ရှည်လျားသည်။

ရှားယောင်သည် ဇာတ်လိုက်မ၏စာအုပ်ဖော်ပြချက်ကို ဝိုးတို့ဝါးတားမှတ်မိနေခဲ့သည်။

ကျောင်းဂိတ်ပေါက်မှ သဖန်းပိုးစာပင်များကို ဖြတ်လျှောက်လာပြီး အပြစ်ကင်းစင်တဲ့ အဖြူရောင်ပုံရိပ်လေးသည် ရပ်သွားကာ ထွက်ခါစအရွက်သစ်တွေကို ၄၅ ဒီဂရီ ဝမ်းနည်းစွာမော့ကြည့်လိုက်လိမ့်မည်ဖြစ်သည်။

ထိုအပင်သည် အလွန်မြင့်မားသောသဖန်းပိုးစာပင်ဖြစ်သည်။ ဆောင်းဦးကုန်သည်နှင့် ညိုးခြောက်နေသော အရွက်ဝါများသည် မြေပေါ်သို့ကြွေကျသွားပြီး မည်သူမျှ ကောက်ယူချင်ကြမည်မဟုတ်ပေ။ အရွက်သစ်များသည် သစ်ကိုင်းများကြားထဲတွင် စိမ်းစိုစွာ ထွက်နေကြသည်။

ရှားယောင်သည်ပင် ခေါင်းမော့လိုက်ကာ သဖန်းပိုးစာပင်ကို ကြည့်လိုက်တော့သည်။

သူမဇာတ်လိုက် မဖြစ်ရတဲ့ အကြောင်းအရင်းက သူမက ဝမ်းနည်းမလွယ်လို့များလားပဲ။

ညီအမ ငါးယောက်သည် ပရဟိတပွဲသို့ ရောက်လာကြပြီး ထိုထဲမှတစ်ယောက်သည် sweet girl ဆိုသည့် ဆံပင် နှစ်ဖက်ခွဲစည်းထားကာ ကင်မရာရိုက်ကူးရန် တာဝန်ယူထားသည့်သူဖြစ်သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now