chapter 2-2

308 16 1
                                    

ရှားယောင်သည် ပင် လန့်သွားတော့သည် သူမရဲ့ အားတစ်ဝက်တောင်မသုံးရသေးပေ 'အဲ့ပန်းဖြူမက အဲ့လောက်ကို အားပြတ်နေတာလား?'

"အမှိုက်ကောင်နဲ့ ကောင်မ" ရှုယီနွမ်သည် အေးစက်စွား နှာရှုံ့လိုက်ပြီး ကျန်းစန်းလက်ထဲမှ ရေခဲမုန့်ကို ယူလိုက်ကာ ပန်းဖြူမရဲ့ ခန္ဓာကိုယ်ကို သုတ်လိုက်တော့သည်။

ကင်မရာမန်း ဖြစ်တဲ့ ဆံပင်စည်းထားတဲ့ Sweet girl သည်တော့ အမြန်ပဲ ပန်းဖြူမရဲ့ ပုံကို အနီးကပ်ရိုက်လိုက်တော့သည်။ အမရှု ဒီချောကလက်ရေခဲမုန့်က ချီးတွေလိုပဲ သူမမှာကပ်နေတယ်။ ဟားဟား သူမနဲ့ တန်တယ်

ပန်းဖြူမသည် သူမခန္ဓာကိုယ်ပေါ်မှ ရေခဲမုန့်ကို ဖယ်လိုက်ကာ ငိုပြီးရင်းငိုတော့သည်။ "နင်တို့ကဘယ်သူတွေလဲ? ငါနင်တို့နဲ့ ရန်ညိုးမရှိပါဘူး။ ဘာလို့ ဘာလို့ ငါ့ကိုအနိုင်ကျင့်တာလဲ ။ ဝူး ဝူး ဝူး ~~~~"

ကျန်းစန်းသည် မှုန်ဝါးနေသည့် သူ့မျက်မှန်ကို ချွတ်လိုက်ပေမဲ့ သူရဲ့အနီးမှုန်သည် ၇၀၀ မှ ၈၀၀ အထိရှိနေတာကြောင့် သူမျက်မှန်ချွတ်လိုက်သည့်တိုင် ရှင်းလင်းစွာမမြင်နိုင်ပေ။ သူအရမ်းသိချင်နေပေမဲ့ သူသေချာမမြင်ရပေ တစ်ချက်လောက်ထိုးလိုက်ချင်နေသည် "မင်းက ဒီကို တမင်သတ်သတ်ပြဿနာလာရှာတာပဲ"

"နင်တစ်ယောက်ယောက်ကို ထိုးချင်နေရင် နင့်ရဲ့ မျက်မှန်ကို အရင်သုတ်လိုက်ဦး။ အဲ့တာတွေက စိမ်းနေတာမှ ယင်ကောင်တွေတောင်ထင်ရတယ် "ရှုယီနွမ် ကဗိုက်ကိုဖိကာ ရယ်နေတော့သည်။

ရှားယောင် : ယင်ကောင်တွေက အမြဲတမ်း မကောင်းတာတွေဆီပဲ သွားတာပဲ

"ကျွတ် "ကျန်းစန်းသည် အရိုးကျိုးသံကိုကြားလိုက်ရပြီး သူ့လက်သည် အားနည်းကာ ပျော့ကျသွားသည်ကို ခံစားလိုက်ရတော့သည်။

လွန်ခဲ့တဲ့ တစ်နှစ်က သဘာဝဘေးအန္တရာယ်ကြားထဲတွင် ရဲစွမ်းသတ္တိကို ပြသခဲ့သည့် ရှားယောင်သည် အသားအပြည့်ရှိသည့်လူကို သူမရဲ့ ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး ညာဘက်လက်ဖြင့် ရိုက်လိုက်တော့သည်။

ဖြစ်ပျက်သွားခဲ့သည်များသည် ပန်းဖြူမလေးအတွက် မထင်မှတ်ထားခဲ့သည်များ ဖြစ်လေသည်။ သူမကို ညီအမနှစ်ယောက်မှ ထိန်းထားပြီး တစ်ယောက်မှ သူမအားအော်နေခဲ့သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now