Chapter 4-2

262 13 0
                                    

သူမနင့် ရှားရှီတို့သည် တံခါးဖွင့်ရန် ငြင်းခုန်နေကြတော့သည်။

အဲ့အချိန်မှာပင် သူမ၏အကိုပြန်လာသည်နှင့် ရှားယောင်ကို တိုင်တန်းကာ သူမနှင့် ကျီဟွိုက်ကို တောင်းပန်ရန် ပြောတော့သည်။

ပြီးတော့ အခု ကျီဟွိုက်သည် ရှားရှီကို ဝတ္ထုထဲကအတိုင်း မကူညီခဲ့ပေ။ သူဇာတ်ကြောင်းအတိုင်းဘာလို့မလုပ်ရတာလဲလို့ မသိပေမဲ့ ရှားယောင်သည်တော့ သူ့အတွက် တံခါးဖွင့်မပေးချင်သေးပေ။

"အပြင်ဘက်က ဘယ်သူလဲ? "ရှားယောင်သည် ရှားရှီကို သာမန်ပဲကြည့်လိုက်ကာ "အမ ဘာလို့ မျက်နှာကနီနေတာလဲ? ဓာတ်မတည့်လို့လား။ ဆေးရုံသွားချင်လား?"

သူမသည် ဂရုမစိုက်သည့်လေသံဖြင့်ပြောလိုက်ပေမဲ့ ရှင်းမပြနိုင်သည့် လှောင်ပြောင်မှုတစ်ချို့ရှိနေခဲ့သည်။

ရှားရှီသူမကို ကြည့်လိုက်ပြီး တစ်ခုခုကို ပြောရန်စိတ်ရှုပ်နေခဲ့သော်လည်း ဘာမှမရှိသည့် ဗီလာထဲတွင် လှပသည့် သံစဉ်တစ်ခု ကျယ်လောင်စွာထွက်ပေါ်လာသည်။

"ကျန်းနန် သားရေနယ်စက်ရုံ ပိတ်ရမယ် ~ ကျန်းနန်သားရေနယ်စက်ရုံပိတ်ပြီကွယ် ~ သူဌေးကသောက်စားပျော်ပါးလောင်းကစားလုပ်ပြီး ခယ်မလေးနဲ့ ခိုးပြေးသွားတယ် ~"

ရှားယောင်မျက်နှာသည် မဲမှောင်သွားတော့သည်။ ဟုတ်သားပဲ သူမရဲ့ အကြိုက်ကအရမ်း အပေါစားဆန်လွန်းတယ်။

အမြန် ဖုန်းသံကို သင်ယူဖို့ တွန်းအားပေးတဲ့ကျောင်းခေါင်းလောင်းသံနဲ့ ပြောင်းပစ်ရမယ်။

သူမသည် ဖုန်းခေါ်သူကို ကြည့်လိုက်ကာ ဖုန်းချလိုက်သည်။

အဲ့တာက 'ဗိုက်အရမ်းဆာနေလား 'ဆိုတဲ့ ပါဆယ် ရောက်လာတာပဲ။

ဟုတ်ပြီလေ၊ သူမတကယ်တော့ ရှားရှီနဲ့ တစ်ပွဲတစ်လမ်းနွှဲဖို့ ပြင်ဆင်နေပေမဲ့ သူမရဲ့ ပါဆယ်ရောက်လာတာကြောင့် အစီအစဉ်ပျက်သွားတော့သည်။

အစားအသောက်ထက်ပိုအရေးကြီးတာမရှိဘူး။ ဟုတ်တာပေါ့ သင်ယူတာတစ်ခုတော့ရှိသေးတာပဲ။

"ငါပါဆယ်ယူမလို့ ရှားယောင်သည် ဖုန်းကို အိတ်ကပ်ထဲသို့ထည့်လိုက်ကာ အပြင်ကတံခါးခေါက်နေတာက ငါ့ရဲ့ ပါဆယ်လာပို့တာဖြစ်နိုင်တယ်။ အမ ငါညစာစားမဲ့အရေးကို ပိတ်မနေဲ့ ဖယ်ပေး"

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now