Chapter 10-1

233 15 0
                                    

ရှားရှီသည် သူမနှင့် သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် အဖြူရောင်ဝတ်ထားသည့် ကောင်လေးကို ကြည့်လိုက်ပြီး ဘယ်လို စကားစပြောရမည်ကို စဉ်းစားနေခဲ့သည်။

မနေ့က သူမဘေးခုံတွင် ထိုင်စေချင်ခဲ့သည်။ ဘာလို့ အခွင့်အရေးကိုလက်လွတ်လိုက်ရတာလဲ?

ရှားရှီသည် ကျီဟွိုက်ကို နားမလည်တော့ပေ။ သူတို့ တစ်ခုံတည်းမထိုင်ခင် သူတို့ ကျောင်းကိုအတူသွားခဲ့ကြသေးတယ်လေ။

ရုတ်တရက် မိန်းကလေးတွေအော်သံကို သူမကြားလိုက်သည်နှင့် သူမအတွေးထဲမှ ထွက်နိုင်သွားတော့သည်။

ရှားရှီသည် အသံအကျယ်ဆုံးဘက်ကိုကြည့်လိုက်သည်။ ရှားယွမ်သည် သူမဆီကိုလာနေတာဖြစ်သည်။ ထိုမိန်းကလေးများသည် ရှားယွမ်ဘယ်သူ့ဆီကိုလာနေကြောင်းကို ဆွေးနွေနေကြသည်။

ရုတ်တရက် သူမခုနက အနမ်းဖျော့ဖျော့လေးကို ပြန်သတိရသွားပြီး ပါးတွေနီလာပြန်သည်။

အကိုက ငါ့ကိုကြိုက်နေတာဖြစ်မယ်။

ရှားယွမ်သည် ရှားရှီရှေ့သို့လျှောက်လာပြီး သူမလက်ကို တွန့်ဆုတ်မှုမရှိကိုင်လိုက်သည်။ အော်သံများထက်ပင် သူ့အသံကရှင်းလင်းနေခဲ့သည်။ "နောက်ကျနေပြီ ။အိမ်ပြန်ကြမယ်"

သေစေနိုင်လောက်သည့်အကြည့်များသည် ရှားရှီပတ်ပတ်မှကြည့်နေကြပေမဲ့ သူမအကိုရဲ့ ဆွဲဆောင်မှုကြောင့်ဖြစ်ပြီး သူမနေသားကျနေပြီဖြစ်သည်။

သူမခေါင်းညိတ်လိုက်ပြီး တစ်ခုခုကိုမှတ်မိသွားကာ" ပြိုင်ပွဲရလာဒ်ထွက်မလာသေးဘူးလေ။ ဆုသွားယူဦးလေ၊ ညီမ ပရိသတ်ထဲမှာခဏနေခဲ့မယ်"

"မဟုတ်ဘူး၊။ ညီမလေး ကိုကိုနဲ့ လိုက်ခဲ့ရပြီး ကိုကို့ဘေးမှာရပ်စောင့်ပေး "

အာဏာရှင်ဆန်တဲ့ သူဌေးလေသံကိုကြားလိုက်သည်နှင့် ရှားရှီနှလုံးသားသည် ခုန်ပေါက်လာကာ သူမလက်ခံလိုက်သည်။ သူမပစ္စည်းများယူကာ သူ့အကိုနောက်လိုက်သွားတော့သည်။ ဘေးမှမိန်းကလေးများကတော့အော်နေမြဲ အော်နေကြသည်။ သူတို့နှစ်ယောက်သည် မောင်နှမတွေဆိုတာကိုတော့ မသိကြပေ။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now