Chapter 6-1

261 17 1
                                    

အခန်းထဲမှာတော့ မနက်ခင်းနှစ်နာရီထိုးချိန်အထိ မီးအိမ်ထွန်းထားပြီး ရှားယောင်သည်လည်း စားပွဲခုံတွင် ထိုင်နေသည်။ သူမရဲ့ ရှုပ်နေတဲ့ ဆံမြိတ်ကို ကလစ်နဲ့ညှပ်ထားတာကြောင့် ဖြူဖွေးပြီး ချောမွတ်သည့် နှဖူးကို မြင်နေရသည်။

သူမသည် စာရေးခြင်းလေ့ကျင့်ခန်း ကြိုးစားပြီးလုပ်နေဆဲဖြစ်သည်။

သူမမျက်လုံးထဲတွင် သူမလေ့လာခဲ့သည့် စာများကို ဆက်စပ်မိသွားပုံရသည်။

ပိတ်ဆို့နေသည့်အရာကို ဖယ်ရှားလိုက်နိုင်သလိုပင် ဖြစ်သည် သူမမှတ်ခဲ့သမျှ မမှတ်မိခဲ့သမျှအားလုံးသည် လှပတဲ့ မှတ်စုတစ်ခုအဖြစ် သူမခေါင်းထဲတွင် ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။

သူမ၏ဦးဏှောက်သည် အရင်တုန်းက ရှင်းရှင်းလင်းလင်းမဖြစ်ဘူးပဲ သူမ၏မျက်လုံးများသည်လည်း တောက်ပနေခြင်းမရှိခဲ့ပေ။

နောက်ဆုံးတော့ သူမ အထက်တန်း ပထမနှစ်၏သင်ခန်းစာများကို လေ့လာပြီးဖြစ်သည်။ မီးပိတ်ကာ အိပ်ယာဝင်လိုက်တော့သည်။

'စာသင်ရတာပျော်စရာကောင်းလိုက်တာ'

မနက်ခင်းလေပြေတိုက်ခက်နေပြီး အလင်းနှင့် အရိပ်တို့လည်းကျနေပြီး နွေးထွေးသည့် အလင်းရောင်သည်လည်း ရှားယောင်၏နေ့တိုင်းစာကြိုးစားလေ့လာနေသည့် မျက်နှာပေါ်တွင် ကျရောက်နေသည်။

ပုံမှန်လိုပင် သူမသည် ခြောက်နာရီတွင် စာဖတ်ရန် ထခဲ့သည်။

ပုံမှန်မဟုတ်တာကတော့ သူမသည် ဖတ်စာအုပ်တစ်အုပ်လုံးကို နားလည်နေတာဖြစ်သည်။

[ မင်္ဂလာနံနက်ခင်းပါ host ]

စနစ်သည် လုပ်ဆောင်ရန်တာဝန်ကို တိုက်ရိုက်မပြောပဲ နှုတ်ဆက်ခြင်းမျိုးမှာ ရှားပါးလွန်းသည်။

သို့သော် ပြဿာနာကိုဖြေရှင်းနေသည့် ရှားယောင်သည်တော့ သိပ်အာရုံမရပေ။

[ 7:02 မှာ ဧည့်ခန်းကို ရောက်နေရပါ့မယ်။ ပြီးတော့ ငယ်ချစ်ဦး ဇာတ်ကွက်ကို ပြီးမြောက်အောင်လုပ်ဆောင်ပါ ]

ပုစ္ဆာများကို အဖြေရှာနေသည့် ရှားယောင်သည် မလှုပ်မယှက်ထိုင်နေဆဲဖြစ်သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now