ရှားရှီသည် လက်တလောဖြေဆိုရမည့် နှစ်ဝက်စာမေးပွဲကြောင့် အသက်ရှူကျပ်နေခဲ့သည်။ သူမရဲ့ အတန်းA မှညီမကောင်းလေးများနဲ့ T မြို့ရဲ့ စာကြည့်တိုက်မှ စာဖတ်ခန်းသို့သွားရန် စီစဉ်ထားသည်။
သူမအစောထပြီး သူမကိုယ်သူမ ကောင်းမွန်စွာဝတ်စားလိုက်ပြီး သူမအောက်ထပ်ဆင်းလိုက်သည်နှင့် အပြင်ထွက်ရန်လုပ်နေသည့်ရှားယောင်နဲ့ ကျီဟွိုက် တို့၏နောက်ကျောကို မြင်လိုက်ရသည်။
"အဲ့ရှားယောင်က ကျီဟွိုက်နဲ့ ဆက်ဆံရေးကောင်းပုံပဲ နားမလည်နိုင်ဘူး။ ညနေအိမ်ပြန်တိုင်း ကျီဟွိုက်က သူမကိုစောင့်နေခဲ့သေးတာ"
"ကျီဟွိုက်က တုံးအတဲ့လူတွေကို သဘောကျတာလား?"
"မဖြစ်နိုင်ပါဘူး ရှားယောင် လှည့်ကွက်တွေလုပ်ထားတာဖြစ်ရမယ်။"
ရှားရှီသူမမျက်နှာကိုထိလိုက်ပြီး သူမကိုသူမ မှန်ထဲမှာကြည့်လိုက်ပြီး ရေမွှေးဖြန်းလိုက်သည်။
မျက်ခုံးမွှေးကွေးကွေးအောက်မှ မျက်လုံးတစ်စုံ မျက်ရစ်တစ်စုံ နှင့် မျက်တောင်ရှည်များသည် မျက်တောင်ခတ်လိုက်သည်နှင့် လူတိုင်းကို ပျော့ပျောင်းသွားစေသည်။
သူမရဲ့ အပြစ်ကင်းစင်တဲ့ပုံစံကို မကြိုက်တဲ့ကောင်လေးများမရှိဟု သူမတွေးနေခဲ့သည်။
ရှားယောင်က ကျီဟွိုက်နားကို အတင်းကပ်နေတာပဲဖြစ်ရမယ်
T မြို့တော်ရဲ့ စာကြည့်တိုက် စာကြည့်ခန်းထဲတွင် ရှားရှီရဲ့ညီမကောင်းများလည်းရှိနေကြသည်။
ရှားရှီသည် မေးခွန်းစာရွက်တစ်စုံကိုအားစိုက်ကာဖြေလိုက်ပြီး ညီအမကောင်းများသည်လည်း အပြီးသတ်လိုက်ကြတာကြောင့် သူတို့အနားယူရင် အချင်းချင်း၏အဖြေစာရွက်တွေကို အပြန်အလှန် စစ်နေကြပြီး စကားအနည်းငယ်ပြောလိုက်ကြသည်။
"ထိပ်တန်းကျောင်းသူကတော့ ထိပ်တန်းကျောင်းသူပဲ ။ ဒီမေးခွန်းတွေက အရမ်းခက်လွန်းတယ်။ ရှားရှီနင်ကတော့ မှန်အောင်ဖြေနိုင်တယ်"
ရှားရှီက ပြုံးလိုက်ကာ "အဆင်ပြေရုံပါပဲ ၊ ငါကအဆင့်တစ်နဲ့တော့ အလှမ်းဝေးနေသေးတယ်"
YOU ARE READING
ဖယ်စမ်း ! ငါစာလုပ်နေတယ် (ဘာသာပြန်)
Teen Fictionဝတ္ထုထဲတွင် သမီးအစစ်သည် မနာလိုကာ ရူးသွပ်နေစဉ်တွင် လူတိုင်းသည် သမီးအတုကို သဘောကျကြပြီး အမျိုးသားငယ်လေး သုံးယောက်သည်ပင် သူမကို နှစ်သက်နေကြသည်။ သမီးအတုကို အန္တရာယ်ပြုရန်စေခိုင်းခဲ့သော်လည်း သူမသည်သာ သေဆုံးခဲ့ရသည်။ အခုတော့ ------- ရှားယောင် - နောက်ဆုံ...