Chapter 8-2

250 14 0
                                    

'အဲ့တာက အတုခိုးတယ်လို့ ခေါ်တယ်ဟဲ့ ငတုံးရဲ့ '

ရှားယောင်မျက်မှောင်ကြုတ်လိုက်ကာ "ငါနင်နဲ့ မဟုတ်မဟတ်တွေမပြောချင်ဘူး "

သူမသည် ကျီဟွိုက်နဲ့ ရှုရှီကျိုးတို့ကို ရောက်လာမည်ကို စောင့်နေဆဲဖြစ်ပြီး အဲ့တာမှ သူမမြန်မြန်ထွက်သွားနိုင်မှာလေ။

ရှားယောင်သဘောဆိုးနေတာကို ရှားရှီမြင်သည်နှင့် သူမနှလုံးသားထဲတွင် အမျိုးအမည်မသိမီးပွားတစ်ခုထွက်လာပြီး သူမအသံသည် အေးစက်သွားတော့သည်။

သူမ မနက်က ကောင်လေးပြောတာကြားသွားလို့ ဒီကိုလိုက်လာတာဖြစ်မယ်။

ရှားရှီမတ်တပ်ရပ်လိုက်ကာ မြေကြီးပေါ်မှ ကြက်ကြော်များကို တိုက်လိုက်ပြီး အကွက်ကြီးတစ်ခုရွေ့လိုက်တော့သည်၊

သူမရှက်သွားဟန်ဆောင်ကာ "အာ့ ဘာလုပ်ရမလဲ။ အကုန်မှောက်ကုန်ပြီ"

ရှားယောင်သည် စိတ်ရှုပ်အောင်လုပ်နေသည့်မိန်းကလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြိး သူမအိမ်စာလုပ်ရန် အိမ်သို့ အမြန်ပြန်သွားချင် လောက်အောင် စိတ်ပျက်သွားသည်။

သူမရှားရှီဖိနပ်ပေါ်ကို ခြေထောက်တစ်ဖက်ဖြင့် တတ်နင်းလိုက်ပြီး တစ်ပုံစံထဲအတုခိုးကာ "အာ့ ဘာလုပ်ရလဲ။ အမ ငါ မတော်တဆ နင့်ကို တတ်နင်းမိသွားတယ်။ ငါ့ခြေထောက်ကမရွေ့ချင်ဘူးဖြစ်နေတော့ ပြန်ဖယ်လို့လည်း မရဖြစ်နေတယ် "

ရှားယောင်သည် ကြာပန်းဖြူမကို ပျော်ပျော်ကြီး အနိုင်ကျင့်နေတုန်းမျာပဲ ရှုရှီကျိုးတစ်ယောက် ရောက်လာတော့သည်။

သူ့ရှေ့ခုံက တစ်ယောက်က ကျောင်းပြီးတာနဲ့ ဒီဘက်ထွက်လာတာကြောင့် သူသိချင်စိတ်အရ ဒီကိုရောက်လာခဲ့တာဖြစ်သည်။

အပူချိန်သည် တခြားနေ့များထက် အေးကာ လေပြေတိုက်နေပေမဲ့ ကောင်လေးသည်တော့ သူ့နွေးထည်ကို ချွတ်ထားကာ တီရှပ်အမဲကိုသာ ဝတ်ထားခဲ့သည်။ သူသည် ဘောင်းဘီအိပ်ကပ်ထဲသို့ လက်ထည့်ကာ အမှောင်ထဲတွင် လျောက်လာနေပြီး သူ့အကြည့်များသည် ရှားယောင်ပေါ်မှ ဖြတ်သွားကာ သူမရဲ့ နတ်ဆိုးဆန်သည့် ခြေထောက်ပေါ်သို့ရောက်သွားသည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now