Chapter 9-2

130 8 2
                                    

ကျီဟွိုက်သည် ရှားရှီကို တခြားတစ်ယောက်က ကြိုက်နေသည်ကို သိသွားကာ သူမသည်ထူးကဲနေသည်ဟုပင် ခံစားမိလိမ့်မည်ဖြစ်သည်။

သူမလိုမိန်းကလေးကသာ သူနှင့်ထိုက်တန်တာကြောင့် သူမနောက်ကိုလိုက်နေကာ သူမကို ကာကွယ်ပေးမည်ဖြစ်သည်။

ကျီဟွိုက်ခေါင်းညိတ်လိုက်သည်။ ရှားမိသားစုနဲ့အတူနေတဲ့ နေ့တွေမှာ သူသည် ရှားရှီနဲ့ ရှားယွမ်တို့ရဲ့ ဆက်ဆံရေးကောင်းနေတာကို အနည်းငယ်ထူးဆန်းသည် ဟုခံစားနေရသည်။ သူတို့နှစ်ယောက်သည် အိမ်ရှင်များဖြစ်ကြပြိး ရှားယောင်သည်တော့ သူ့လို တစ်ညတာတည်းခိုသည့် ဧည့်သည်တစ်ယောက်လိုဖြစ်နေခဲ့သည်။

ရှားရှီက ရှားယွမ်ရဲ့ ညီမအရင်းဟုပင် သူပထမက ထင်ခဲ့သေးသည်။

သန်မာချင်ယောင်ဆောင်နေသည့် ကောင်မလေးအတွက် စိတ်မကောင်းဖြစ်မိသွားသည်။

သူမအခုတလော ကြိုးစားလေ့လာနေတာကြောင့် သူမရဲ့ အိမ်စာနှုန်းထားများသည် တိုးတတ်မှုရှိလာခဲ့သည်ဟု ကြားသိခဲ့ရသည်။

"နင်အကုန်မြင်လိုက်တယ်ဆိုမှတော့ ငါလည်းသွားတော့မယ်" ရှားယောင်သူ့ကို လက်ယမ်းပြလိုက်သည်။

"ခဏနေဦး၊ ငါလည်း မင်းနဲ့ ပြန်လိုက်ခဲ့မယ်" ကျီဟွိုက်သည် သူမဆီသို့ လျှောက်လာကာ "မင်းကိုစာကူလုပ်ပေးစေချင်လား?"

အကြောင်းပြချက်မရှိပဲ ရုတ်တရက် အကြံတစ်ခုထွက်လာတော့သည်။

"မလိုပါဘူး" ရှားယောင်သည် သာမန်ပဲ ငြင်းလိုက်သည်။

သူတို့ ဧည့်သည်ထိုင်ခုံဘက်သို့ ပြန်လာတဲ့အချိန်မှာတော့ ရှားယွမ်ရဲ့ စတင်ဖျော်ဖြေနေပြီဖြစ်သည်။ ရှုယီနွမ်သည် ရှားယောင်ကို မျက်စောင်းထိုးလိုက်ကာ "နင်သန့်စင်ခန်းသွားတာ ကြာလိုက်တာ။ ငါတော့ နင်သန့်စင်ခန်းထဲမှာ ဖျော်ဖြေရေးလုပ်နေတယ်ကို ထင်လိုက်တာ"

သူမ ပထမတန်းမှာထိုင်နေသည့် မိန်းကလေးကို ကြည့်လိုက်ကာ "ဒါနဲ့ နင့်အမတစ်ယောက် ဘာဖြစ်မှန်းတော့မသိဘူး မျောက်ဖင်နီကြီးလို မျက်နှာနဲ့အပြေးအလွှားပြန်လာတာတွေ့တယ်။"

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now