Chapter 7-2

250 13 0
                                    

ရှားယောင်သည် မျက်လုံးလှိမ့်လိုက်ပြီး "ဟုတ်ပြီ ။ နင့်ရဲ့အိမ်မက်တွေကို လွှင့်ပစ်လိုက်တော့"

အတန်းထဲတွင် ဆရာမသည် ကျီဟွိုက်ကို မိတ်ဆက်ပေးနေပြီး ထိုင်ခုံရွေးရန်ပြောနေခဲ့သည်။

သို့သော် ရှုယီနွမ်သည် ထွက်သွားရန် အစီအစဉ်မရှိသေးပဲ "သူဘယ်မှာထိုင်မှာလဲ ငါသိချင်သေးတယ်။ ဒါပေမဲ့ ကြာပန်းဖြူမ ရှားရှီဘေးမှာ မထိုင်ပါနဲ့ "

သူမလက်ကို ရင်ဘက်ပေါ်တွင်တင်ကာ ဆုတောင်းနေသည်။

ရှားယောင်သည်တော့ 'စိတ်ပူမနေနဲ့ စာရေးဆရာက နင့်ဆုတောင်းကို ပြည့်အောင်လုပ်ပေးမှာမဟုတ်ဘူး'

ကျီဟွိုက်သည် အတန်းကို တစ်ချက်ကြည့်လိုက်ပြီး နေရာလွတ်များစွာကိုတွေ့လိုက်သည်။

ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနဲ့ မွေးဖွားလာခဲ့တာကြောင့် သူ့အကြည့်အောက်တွင် မိန်းကလေးများ၏နှလုံးသားများကို ခိုးယူသွားပြီးဖြစ်သည်။

"ကျီဟွိုက် မင်းကြိုက်တဲ့နေရာမှာထိုင်လိုက်။အတန်းကစတော့မှာ"ဆရာမက သတိပေးလိုက်သည်။

ကျီဟွိုက်ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်သည် ပြတင်းပေါက်ဘေးသို့ ထပ်ရောက်သွားကာ မျက်လုံးကို ပွတ်လိုက်သည်။ အကြောင်းပြချက်တစ်ချို့ကြောင့် မနေ့ညနေက မတော်တဆမှုကို ထပ်တွေးမိနေသည်။

ထက်မြတ်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်သည် ပြဿနာကို ခပ်ကြမ်းကြမ်းဖြေရှင်းနေပေမဲ့ ဆိုးသွမ်းတဲ့ကျောင်းသူမဖြစ်နိုင်ပေ။

သန့်စင်ပြီး ကြာပန်းဖြူလို အပြစ်ကင်းသည့် မိန်းကလေးသည်တော့ လဖ္ဘက်စိမ်းမဖြစ်နိုင်သည်။

သူ့ရဲ့ခြေတံရှည်များဖြင့် အတန်း၏နောက်ဆုံးထိုင်ခုံသို့ ရှားရှီထိုင်ခုံကို ကျော်ကာသွားလိုက်သည်။

ရှုယီနွမ် "အားးးး၊ အဖိုးတန်လွန်းတဲ့ကမ္ဘာကြီး ဒါကတကယ်ကြီး ငါလိုချင်တဲ့ ဟာပဲ"

သူမရဲ့ စိတ်လှုပ်ရှားစွာအော်လိုက်သည့်အသံသည် အနည်းငယ်ကျယ်သွားခဲ့တာကောင့် အတန်းထဲမှာ မျက်လုံးများစွားဟာလှည့်ကြည့်လာကြသည်၊

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now