Chapter 12-2

186 12 0
                                    

သူမဒီနေ့ ထီးယူဖို့ မေ့လာခဲ့သည်။

မိုးရေထဲတွင် အိမ်သို့အမြန်ပြန်ရန် သူမ၏ပြေးနိုင်သည့်အရှိန်ကို စဉ်းစားနေလိုက်သည်။

"ခဏလောက်ကြာရင် မိုးစဲချင်စဲသွားလောက်ပါတယ် မိုးစဲမှ အိမ်ပြန်ရင်တောင်နောက်မကျလောက်ပါဘူး"

"ထီးမယူလာဘူးလား? " ရင်းနှီးနေသည့်အသံတစ်သံသည် သူမနောက်ဘက်မှထွက်လာသည်။

ကျီဟွိုက်သည် သူ၏တည်ရှိမှုဟာ အားနည်းနေတယ်လို့ မထင်ပေ။ မိန်းကလေးသည် ကားထဲမှထွက်ကာ သူ့ရှိရာသို့ အမြန်ပြေးလာနေသည်ကိုသူကြည့်နေပေမဲ့ သူမကတော့ သူ့ကိုတစ်ချက်ပင်ကြည့်မလာပေ။

"ယူဖို့မေ့သွားတာ "သူမလှည့်ကြည့်လိုက်ရာ နံရံကိုမှီထားသည့် အဖြူရောင်ပုံစံ ကောင်လေးကိုတွေ့လိုက်သည်။

သူအဖြူရောင်အကျီကိုဝတ်ထားပြီး အဖြူရောင်နံရံနှင့် အရောင်တူနေတာကြောင့် သူမသူ့ကို တန်းသတိမထားမိခဲ့တာဖြစ်သည်။

ရှားယောင်သည် ကျီဟွိုက်ကို လျစ်လျူရှုလိုက်သလို ဖြစ်သွားတာကြောင့် သူမရှက်သွားကာ 

ရှားယောင်သူမ ဂုတ်ကိုထိလိုက်သည်။

"အတူသွားရအောင်လေ" ကျီဟွိုက်သည် သူ့လက်ထဲမှထီးအနက်ရောင်ကို မြှောက်လိုက်သည်။ လက်ကိုင်သည် ရှည်တာကြောင့် ထီးအကြီးနှင့်ပင် တူနေသည်။

တစ်ခုခုကို အထင်လွဲသွားမည်ဆိုးတာကြောင့် သူက "ငါစာကြည့်တိုက်ကနေအခုပဲ ပြန်လာတာလေ မင်းနဲ့ တန်းတွေ့တာပဲ"

"ကျေးဇူးပဲ " ရှားယောင်သည် အပိုမတွေးနေပဲ သဘောတူလိုက်သည်။

"မင်းလက်ထဲကဟာက လေးနေလား? ငါကူသယ်ပေးမယ်လေ။" ကောင်လေးက စိတ်အားထက်သန်နေခဲ့သည်။

ရှားယောင်ငြင်းလိုက်ချင်ပေမဲ့ ကောင်ငယ်လေးသည် သူမဆီကို လျှောက်လာပြီး အသီးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီဖြစ်သည်။

ကျီဟွိုက်တစ်ယောက်အသီးအိတ်ကိုင်ထားရင်း : အဲ့တာကဒီလောက်လေးမယ်လို့ မထင်ထားဘူး။ မိန်းကလေးတစ်ယောက်က တစ်လမ်းလုံးဒီလိုလေးတဲ့ပစ္စည်းတွေကို သယ်လာရတယ်။ မျက်နှာသေးသေးလေးကလည်း မိုးရေတွေစိုနေတာကြောင့် လူတွေကို စိတ်ပူသွားစေတယ်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now