Chapter 11-1

219 17 0
                                    

ဘက်စကတ်ဘောလုံးသည် သူမတို့ကို မြန်ဆန်စွာ ထိမှန်တော့သည်။

ရှားယောင် လန့်သွားခဲ့ပေမဲ့ ရှုယီနွမ်ရှေ့ကို အမြန်သွားကာ ဘောလုံးကိုပုတ်ချလိုက်သည်။

သူမအမြန်ပဲ ရှုယီနွမ်ကို ဘေးသို့တွန်းလိုက်ပြီး သူမလက်ထဲက ဘောလီဘောကို ပစ်လိုက်တော့သည်။ ဘောလုံးနှစ်လုံးသည် လေထဲတွင် ထိသွားပြီး အရှိန်နှေးသွားတော့သည်။

တိုက်ဆိုင်သွားသည်က ရှားယောင်ပစ်လိုက်သည့်ဘာလုံးသည် ရှားရှီရဲ့ဒူးကို သွားထိသွားခဲ့ပြီး သူမ၏တာဝန်ကို ပြီးမြောက်ရန် ကူညီပေးလိုက်သလိုဖြစ်သွားသည်။

နူးညံ့သည့် အဖြူရောင်ပန်းလေးကလဲ အလိုလိုမြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ဘယ်က ကန်းနေတဲ့ကောင်လဲ?" ရှုယီနွမ်တစ်ယောက် ဘက်စကတ်ကွင်းထဲသွားကာ ကျယ်လောင်စွာအော်ပြောလိုက်သည်။

သူမ မျက်မှောင်ကြုတ်လိုက်ပြီး သူမမျက်နှာမှ ထိတ်လန့်နေသည့် အမူအရာသည် ပျောက်မသွားသေးပေ။

ရှားယောင်သည် သူမနောက်ကျောကို ပုတ်ပေးလိုက်ပီး ဘက်စကတ်ကွင်းထဲမှ ပြေးလာနေသည့် အရပ်ပုပုတစ်ယောက်ကို လက်ညိုးထိုးကာ "ဟေး မျက်ကန်းရောက်လာပြီ"

ဆယ်ကျော်သက်လေးသည် ပုကာအသားညိုသည်။ သူအသက်ပြင်းပြင်းရှူနေပြီး ရှုယီနွမ်ကို တည့်တည့်မကြည့်ရဲပေ "တောင်းပန်ပါတယ်။ ငါတမင်လုပ်တာမဟုတ်ပါဘူး"

မောင်ငယ်လေးတစ်ယောက်၏အသွင်အပြင်နှင့်တူနေသည်။

ရှုယီနွမ် နှာမှုတ်ကာ မျက်လုံးလှိမ့်လိုက်ပြီး တစ်ဖက်သည် တမင်မရည်ရွယ်မှန်းသိတာကြောင့် "တောင်းပန်တာကိုလက်ခံကာ နောက်တစ်ခါ မဖြစ်စေနဲ့"

ခပ်ပုပုကောင်လေးသည် ထပ်ခါထပ်ခါတောင်းပန်နေသည်။ ရှားယောင်အကြည့်သည် တခြားတစ်ဖက်သို့ရောက်သွားပြိး ကျိုးပဲ့လွယ်သည့် ဇာတ်လိုက်မတစ်ယောက် မြေကြီးပေါ်တွင် နီရဲနေတဲ့မျက်လုံးနဲ့ ထိုင်နေတာကိုတွေ့လိုက်ရသည်။ သူမဘေးတွင် လူများစွာ ထိုင်ပြီးနှစ်သိပ့်ပေးနေကြသည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now