"ရှားယောင်၊ ရှားယောင် ကျောင်းပြောင်းကျောင်းသားကို သွားကြည့်ရအောင်"
ရှားယောင်အတန်းသို့ပြန်ရောက်သည်နှင့် သူမရဲ့ ဒိန်ချဉ်ဘူးကိုချလိုက်ကာ ရှုယီနွမ်ရဲ့ အသံကို ကြားလိုက်ရပြီး သူမလက်တွေဟာ ရမ်းခါနေခဲ့သည်။
သူမမှာငြင်းစရာအကြောင်းမရှိပေ။
[ အတန်း A ရဲ့ အခန်းထောင့်မှာ 8:02 မတိုင်ခင် ရှိနေပြီး ငယ်ချစ်ဦး ဇာတ်ကွက်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ ]
ဝတ္ထုထဲတွင် ရှားယောင်သည် ကျီဟွိုက်ကို မြင်မြင်ချင်းချစ်သွားခဲတာကြောင့် သူမကျီဟွိုက်နဲ့တွေ့ဆုံနိုင်မည့် အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
ဒါကြောင့်သူမရဲ့ ညီအမ ရှုယီနွမ်နောက်သို့ အတန်းလစ်ကာ အတန်းA သို့ သွားချောင်းရမည်ဖြစ်သည်။
ကျီဟွိုက်သည် ဇာတ်လိုက်မရှိရာသို့ တစ်လှမ်းချင်းသွားနေပြီး တစ်ခုံတည်း ဝင်ထိုင်လိုက်တာကြောင့် ရှားယောင်သည် မနာလိုဖြစ်နေခဲ့တော့သည်။
ကျောင်းဆင်းသည်နှင့် ကျောင်းအနောက်ဘက်အဆောက်အဦးသို့ သွားနေသည့် ရှားရှီနှင့် ဇာတ်လိုက် နံပါတ်သုံးတို့ နောက်လိုက်လာခဲ့ပြီး မနာလိုဖြစ်လာတာကြောင့် ကြောင်ငယ်လေးတစ်ကောင်ကို အားကုန်သုံး၍ ကန်ချလိုက်တော့သည်။
အဲ့တာကို ကျီဟွိုက်နဲ့ တတိယဇာတ်လိုက်တို့ မြင်သွားခဲ့သည်။
အရာအားလုံးက ချိတ်ဆက်နေခဲ့သည်။
ရှားယောင်သည် သူမလက်ကိုဆန့်ထုန်လိုက်ပြီး နာရီကိုကြည့်ကာ "ငါ့ကို ဒီပုစ္ဆာတွက်ဖို့ ငါးမိနစ်အချိန်ပေး"
ရှုယီနွမ်သည် ရှားယောင်စားပွဲပေါ်တွင် ရှိနေသည့် မေးခွန်းစာရွက်များကို ကြည့်ကာ "ဟေး ရေးမနေပါနဲ့ ရေးသမျှမှားနေမှာပဲကို ။ နင်သာဆရာမကို စာရွက်ပေးလိုက်ပါလား ၊ ဘောပင်တစ်ချောင်းအလဟာသဖြစ်စေတာပဲလို့ ပြောမှာပဲ။ ငါလို မရေးပဲ ထပ်လိုက်ပါလား"
ရှားယောင် : 'ဆရာမဆီကို ထပ်ရမည့် အိမ်စာသည် မနေ့ကတည်းကပြီးခဲ့ပြီးလေ။ ဒါက ထပ်တိုးမေးခွန်းတွေဟဲ့။'
YOU ARE READING
ဖယ်စမ်း ! ငါစာလုပ်နေတယ် (ဘာသာပြန်)
Tienerfictieဝတ္ထုထဲတွင် သမီးအစစ်သည် မနာလိုကာ ရူးသွပ်နေစဉ်တွင် လူတိုင်းသည် သမီးအတုကို သဘောကျကြပြီး အမျိုးသားငယ်လေး သုံးယောက်သည်ပင် သူမကို နှစ်သက်နေကြသည်။ သမီးအတုကို အန္တရာယ်ပြုရန်စေခိုင်းခဲ့သော်လည်း သူမသည်သာ သေဆုံးခဲ့ရသည်။ အခုတော့ ------- ရှားယောင် - နောက်ဆုံ...