Chapter 8-1

239 12 1
                                    

ရှားရှီ မပျော်မရွင်ဖြစ်နေပြီး မျက်မှောင်ကြုတ်ထားသည်။ မနက်တွင် အတန်းဖော်တစ်ယောက်သည် သူမနှင့်အတူ ကြောင်စာလိုက်ကျွေးမည်ဟု ပြောခဲ့ပေမဲ့ ထိုအတန်းဖော် သူမကိုလာရှာမည်ကို မစောင့်ခဲ့ပေ။

'အတန်းဖော်က ကြည့်ကောင်းလွန်းတယ်။ ဘာလို့သူကို အရင်က ကျောင်းမှာ မတွေ့ဖူးတာပါလိမ့်?'

ရှားယောင်သည် ဝတ္ထု၏ ဇာတ်ကြောင်းကိုသိနေသည်။ ဇာတ်လိုက်မသည်နူးညံ့ပြီး သေးငယ်တဲ့ တိရစ္ဆာန်များကို ကြင်နာတတ်သည်။ သူမသည် ရှုရှီကျိုးရဲ့ အာရုံစိုုက်မှု ရဖို့အတွက် ကြောင်စာကိုတောင်ယူလာခဲ့သည်။

သူမသည် လမ်းတစ်လျှောက်လုံးရှားရှီနောက်သို့ လိုက်လာခဲ့သည်။

ကိုလာနဲ့ ကြက်ကြော်တောင် ဝယ်လာခဲ့သေးသည်။

ရှားရှီ၏အာရုံခံနိုင်စွမ်းသည် ကောင်းလွန်းနေသည်၊ သူမလမ်းထောင့်ချိုးတွင် ကွေ့လိုက်ချိန်တွင် သူမနောက်သို့ လိုက်လာသည့် ပုံရိပ်ကို တွေ့လိုက်ရသည်။

'မနက်ကကောင်လေးများလား?'

သူမသည် မနက်က အနေခက်နေသည့် ကောင်လေးကို တွေးမိသွားသည်။ သူ သူမကို လာကူညီမည်ကိုစောင့်နေပေမဲ့ ပဲစေ့မက သူမကို အချိုရည်ယူဖို့ ကူညီလိုက်တယ်လေ။

ရှောင်မူမီ(ကြောင်)အ‌‌ေကြာင်းပြောလိုက်တာနဲ့ သူ့ရဲ့ အေးစက်တဲ့ မျက်နှာတွင် နူးညံမှုတို့ ထွက်ပေါ်လာခဲ့သည်။ သူရှက်နေလို့ သူမနောက်ကိုလိုက်လာတာဖြစ်ရမယ်။

ထိုသို့တွေးလိုက်ကာ ရှားရှီ၏ခြေလှမ်းများသည် တတ်ကြွသွားတော့သည်။

ရှားယောင်ပေါ်လာချိန်မှာတော့ ချုံများ အမှိုက်ကန်များထဲမှ ကြောင်ရိုင်းများသည် သူမဆီမှထွက်လာသည့် ကြက်ကြော်အနံ့ကြောင့် သူမအနားကိုအမြီးများရမ်းကာ ပြေးလာကြတော့သည်။

သူတို့ လတ်ဆက်တဲ့ အသားနံ့ရတယ်လေ၊

ရှားယောင်သည် အမှောင်ထဲတွင် ပုန်းနေပြီး ကြောင်များသည် ကြက်ကြော်အနံ့ရသွားမည်ဆိုးသဖြင့် ကြက်ကြော်ကို ဖွက်ထားလိုက်သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now