Chapter 15-2

250 20 4
                                    

စာမေးပွဲခန်းသည် စာကြိုးစားမှုရလာဒ်အရ စီစဉ်ထားခြင်းဖြစ်တာသည်။ စာမေးပွဲခန်းထဲကို စိတ်အခြေအနေကောင်းစွာ ဝင်လာခဲ့သည်။

သူတို့အားလုံးသည် အတန်း F ၏အတန်းဖော်ဟောင်းများသာဖြစ်ကြသည်။ လူတိုင်း အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။ သူတို့တွင် စာမေးပွဲအတွက် စိတ်ပူပန်မူများ ရှိမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည်တော့ အားလပ်ရက်လိုပင် ဖြစ်နေကြသေးသည်။

ရှားယောင်သည် ခြောက်နာရီတွင် ထကာ သူမကျောင်းမသွားခင်အထိ စာကြည့်နေခဲ့သည်။ ရှားယောင်သည် စိတ်ပေါ့ပါးနေကာ ယုံကြည်ချက်အပြည့်ရှိနေသည်။

ပထမဘာသာမှာ သင်္ချာဖြစ်ပြီး 8နာရီတွင် စမည်ဖြစ်သည်။ 8 နာရီထိုးခါနီးပြီဖြစ်တာကြောင့် တချို့ကျောင်းသားများသည် အပြင်မှဝင်လာကြပြီး တချို့ကျောင်းသားများသည်တော့ သန့်စင်ခန်းသို့သွားပြီး အပြင်သွားကြသူများလည်း ရှိကြသည်။ စာမေးပွဲခန်းသည် အရမ်းကို လွတ်လပ်လွန်းသည်။

ရှားယောင်သည် ရှေးခတ်ကဗျာများ၊ တရုတ်စာများကို နေ့လည်ဖြေရမည့် တရုတ်စာမေးပွဲအတွက် ပြန်လည် စဉ်းစားနေလိုက်သည်။

သင်္ချာကတော့ ဒီလိုပါပဲ။ သဘောတရားကျကျ မစဉ်းစားနိုင်ဘူးဆိုရင် တွက်နိုင်မှာမဟုတ်ပေ။ မတွက်နိုင်ပါက အဖြေထွက်လာလိမ့်မည်မဟုတ်ပေ။

စာမေးပွဲစတော့မည်ဖြစ်တာကြောင့် ဆရာများသည် ချိတ်ပိတ်ထားသည့် မေးခွန်းစာရွက်များကို ယူလာကြသည်။

အနောက်တံခါးသည် ရုတ်တရက်ပွင်လာကာ စာမေးပွဲခန်းစောင့်သည် မျက်မှန်တပ်ကာ မျက်လုံးမှေး၍ ကြည့်လိုက်သည်။

စစ်ဆေးခြင်းသည် ရင်းနှီးပြီး ထူးဆန်းလွန်းသည်။

အတန်းထဲတွင် ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မိန်းကလေးများသည် ဝင်လာသည့်သူကို မြင်သည်နှင့် သူတို့ခေါင်းများကိုကုတ်နေပြီး သူတို့အကျီလက်များတွင် သူတို့စွတ်လာသည့် ရေမွှေးအနံ့ရမရကို အနံ့ခံကြည့်နေကြသည်။

ရှုရှီကျိုးသည် သူတို့လိုချင်သည့်ပုံစံအတိုင်းပြည့်စုံလွန်းနေသည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now