Chapter 15-1

188 13 0
                                    

ရှားယောင် သူ့ကိုကျေးဇူးတင်လိုက်ပြီး ကောင်လေးအကျီကို ဝတ်လိုက်သည်။

180 cm ရှည်သည့်ဆယ်ကျော်သက်ကောင်လေး၏ အဝတ်သည် ရှားယောင်ကိုယ်ပေါ်တွင် သိသာစွာ ပွနေခဲ့သည်။ မိဘရဲ့ အကျီကို ယူဝတ်ထားသည့် ကလေးတစ်ယောက်ကဲ့သို့ဖြစ်နေပြီး အထူးသဖြင့် အကျီလက်များသည် လျှောကျနေသည်။

ရှုရှီကျိုးသည် မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး ရှားယောင်ကို ကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမသည် သူ့အကျီထဲတွင် ပုန်းနေသည့် ကြောင်လေးတစ်ကောင်လို ချစ်စရာကောင်းသည်ဟုခံစားလိုက်ရခြင်းဖြစ်သည်။

သူမသည့် သူကြိုက်သည့် ကောင်မလေးပုံစံဖြစ်ရမည်။

"အကျီလက်ကို ခေါက်လိုက် ညစ်ပတ်သွားအောင်မလုပ်နဲ့ " သူမျက်မှောင်ကြုတ်လိုက်ပြီး သူ့အတွေးများကို ဖုံးကွယ်ထားလိုက်သည်။

"အင်း "ရှားယောင်သည် ရှုရှီကျိုးနှင့် သွားရှုပ်လို့မရသည်ကိုသိတာကြောင့် လိမ်လိမ်မာမာနဲ့ပဲ အကျီလက်ကိုခေါက်တင်လိုက်သည်။

"မင်းအကျီလက်ကို ခေါက်မှာမလား?" ရှုရှီကျိုးသည် မျက်မှောင်ထပ်ကြုတ်လိုက်ကာ သူ့အကြည့်ကို ရှားယောင်မျက်နှာသို့ပြောင်းလိုက်သည်။ "ငါကူညီဖို့ လိုသေးလား?"

"ဟမ်? "ရှားယောင်သည် သပ်သပ်ရပ်ရပ်ခေါက်ထားသည့် အကျီလက်ကို တွေဝေစွာပဲ ကြည့်နေမိလိုက်သည်။

သူမခေါက်ထားတာ ကောင်းပါတယ်? ရှုရှီကျိုးကို ရန်မစသင့်တာကြောင့် သူမစိတ်ထိန်းထားလိုက်ရသည်။

ရှုရှီကျိုးသည် သက်ပြင်းချလိုက်ပြီး သူမလက်ကို ဆွဲလိုက်ကာ "ငါကပိုကောင်းအောင်ခေါက်တတ်တယ်"

ရှားယောင်သည် မသပ်မရပ်ဖြစ်နေသည့် အကျီလက်ကို ကြည့်လိုက်မိသည်။

တစ်နာရီကြာပြီးနောက်တွင် ခက်ခဲသည့် အချက်များကို ခွဲထုတ်ပြီးဖြစ်သည်။ ရှားယောင်သည် လွယ်အိတ်ပြင်ကာ အိမ်ပြန်ရန် ပြင်လိုက်တော့သည်။

"ငါတို့ အတူသွားစားမလား? ငါမင်းကို ဝယ်ကျွေးမယ်လေ " ရှုရှီကျိုးသည် ရှားယောင်နောက်ကိုလိုက်လာခဲ့သည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now