Chapter 14-1

202 14 0
                                    

ကိုယ့်ညီမကို အမြဲအပုပ်ချနေတဲ့ အမမျိုးရှိရတာ တကယ်ကိုဆိုးရွားလွန်းသည်။

သူမရဲ့ တာဝန် ပြီးမြောက်သွားသည်နှင့် ရှားယောင်၏နှလုံးသားလေးမှာ အရမ်းကို ပေါ့ပါးသွားတော့သည်။ သူမ မျက်လုံးများက ပြုံးနေပြီး အပျော်များဖြင့်ပြည့်နှက်နေခဲ့သည်။

ဒါ့အပြင် သူမဖြေရှင်းခဲ့သည် သင်္ချာအဖြေလွှာသည်လည်းအကုန်မှန်နေသေးသည်။

သူမအနားယူဖို့အတွက် စာအုပ်တစ်အုပ်ကို ရှာနေပြီး သူမဖတ်ပြီးမှ စာဖတ်ခန်းကိုပြန်သွားရင်လည်း ရှားရှီရဲ့ မျက်နှာကို မြင်ရတော့မည်မဟုတ်ပေ။

စာအုပ်စင်ဘေးမှ လမ်းသည်ကျဉ်းမြောင်းလွန်းပြီး သူမ လိုချင်တဲ့ စာအုပ်ကို အထက်အောက်ကြည့်ကာ ရှာနေခဲ့သည်။

ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ

'ငါ့နောက်လိုက်ခဲ့ လမ်းမပျောက်စေနဲ့ မင်းချမ်းသာချင်ရင် ငါ့ကိုကြည့်ရမယ်'

မဟုတ်သေးဘူး။ 'ငါစီးပွားရေးစလုပ်တုန်းက မသိခဲ့သေးတဲ့ အရာတွေ'

မိုက်တယ်၊ မိုက်လွန်းတယ်။ T မြို့တော်ရဲ့ စာကြည့်တိုက်က ရိုးရိုးရှင်းရှင်းနဲ့ အဆင်ပြေတယ်။

ရှားယောင်သည် စာအုပ်များကို ပျော်ပျော်ကြီးကြည့်နေပြီး သူမနှလုံးသားထဲတွင် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချနေရသည် ငါဘယ်စာအုပ်ကို အရင်ဖတ်ရမလဲ?

သူမရဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အကိုရဲ့ အိမ်ပေါ်ကနေနှင်ချခံရတာထက်စာရင် သူမဘာသာ ရှားမိသားစုကနေထွက်သွားဖို့ ရွေးမည်ဖြစ်သည်။ သို့ပေမဲ့ အဲ့မတိုင်ခင်တော့ သူမပိုက်ဆံစုရလိမ့်မည်။

ရှားယောင်သည် စာအုပ်ပင်လယ်ကို စွဲလမ်းနေခဲ့ပေမဲ့ နောက်ဆုံးတွင် သူမရှေ့ရှိ ငါကအချမ်းသာဆုံး စာအုပ်စင်ရှေ့တွင် ရပ်လိုက်သည် ။ သို့သော် စာအုပ်ထားသည့်နေရာသည် မြင့်နေတာကြောင့် သူမရဲ့ တစ်မီတာကျော်ရှည်သည့်ခြေထောက်သည်ပင် ခြေဖျားထောက်လိုက်ရသည်။

သူမခြေဖျားထောက်လိုက်ပေမဲ့ သူမစာအုပ်ကို မယူနိုင်သေးပေ။ သူမစိတ်ရှုပ်သွားကာ အနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သူမနွေးထွေးတဲ့နံရံ တစ်ခုနဲ့ တိုက်မိသွားတာနဲ့ သူမနောက်တွင် တစ်ယောက်ယောက်ရှိနေသည်ကို သတိထားမိသွားခဲ့သ့ည်။

ဖယ်စမ်း ! ငါစာလုပ်နေတယ်  (ဘာသာပြန်)Where stories live. Discover now