ဓားပြဗိုလ်ဂျွန်ဂျောင်ကုသည် တော်ဘုရားငယ်ကင်မ်ဆော့ဂျင်ကို သူနေထိုင်ရာဓားပြစခန်းသို့ ခိုးယူခေါ်ဆောင်သွားခဲ့သည်။
.
.
."စားလိုက်!.."
"မစားဘူး!!.."
ဟူး..
မရှည်သည့်စိတ်ကို သက်ပြင်းတစ်ခုချရင်း လွင့်ပျောက်စေမိသည်။
ဓားပြမျိုးရိုးကနေ ဆင်းသက်လာခဲ့တဲ့ သူက တသက်လုံးဘယ်သူ့ကိုမှ အောက်ကျခံခဲ့သူမဟုတ်..။ သူအမိန့်အောက်တွင် အသက်ရှင်ရသူများရှိသလို အသက်ဆုံးရှုံးခဲ့ရသူများလည်း ဒုနဲ့ဒေးရှိသည်။ ပျက်ဆီးခဲ့ရသည့်မိသားစုတွေ ဘဝတွေ များစွာရှိခဲ့သည်။
သူသည် လူတကာကြောက်ရွံ့ရသော လူကြမ်းဓားပြတစ်ယောက်..။ သူ့တပည့်ဓားပြငယ် မိသားစုတွေကလွဲရင် ကျန်သူများအတွက် သူဟာ ကြောက်စရာဘီလူးသရဲတစ်ကောင်နှင့်မခြားပေ..။ သို့သော် သူ့ဘဝကို သူသဘောကျသည်။ လူတကာ၏ ကြောက်ရွံ့ခြင်း အရိုအသေပေးခြင်းခံရသောဘဝကို သူမက်မောသည်။
ဓားပြဗိုလ်တစ်ယောက်၏ အာဏာစက်သည် စည်းစိမ်ရစ်မူးနေသော သားရဲတစ်ကောင်လို အလိုရမ္မက်ပြင်းထန်သည်။ သူသဘောကျသည့် သမီးပျိုများကို ကိုယ်လုပ်တော်အဖြစ် ဖျော်ဖြေစေသည်။ မိန်းမငယ်လေးများ၏ အော်ဟစ်ညည်းညူသံများ တောင်းပန်တိုးလျှိုးသံများသည်တဏှာရမ္မာကိုဆာလောင်စေတဲ့ ဂီတသံကဲ့သို့ပင်ဖြစ်သည်။
သို့သော် ထိုသို့ ကြမ်းခဲ့ရမ်းခဲ့ပုံများသည် ရင်တွင်းတစ်နေရာက တအုံ့နွေးနွေးပေါ်ပေါက်လာသော ရင်ခုန်သံတိုးတိုးအောက်ဝယ် တဖြည်းဖြည်းချင်းကြေမွပျက်သုန်းခဲ့ရသည်။
မချစ်ခဲ့ဖူးသောနှလုံးသားသည် မျက်လုံးစူးစူး နှုတ်ခမ်းဖူးဖူးလေးထံ အကြိမ်ကြိမ်ငြိတွယ်ခဲ့ရသည်။
ကြမ်းတမ်းသည့်နှလုံးသားသည် မောင့်ဖုရား၏ မလိုတမာအကြည့်စူးစူးလေးအောက် မလွန်ဆန်နိုင်စွာပင် တသိမ့်သိမ့်မြည်အောင်တုန်ခါခဲ့ရသည်။
'အလျှော့ပေးပါတယ်..အရှုံးပေးပါတယ်လို့ ထပ်မပြောချင်ပါဘူး မောင့်ဖုရားငယ်ရယ်..မောင့်ချစ်တာ မင်းမသိပေမယ့် စကြာဝဠာတစ်ခွင် ယူဇနာလေးကျွန်းလုံးသိပါတယ်..'
YOU ARE READING
Whirlwind Night [Completed]