"ရေငုတ်ပြိုင်မယ် ရှုံးတဲ့သူကိုကြိုက်တာခိုင်းကြေး.."
"အေး အေး ဆော့မယ် ဆော့မယ်.."
စမ်းချောင်းအလယ်တွင် ဓားပြကလေးငယ်က ကိုယ်တုံးလုံးလေးများနှင့် ရေငုပ်ပြိုင်နေကြသည်။
ဆော့ဂျင်က ခက်လှမ်းလှမ်းက သစ်ပင်ကြီးနားတွင်ထိုင်ကာ သံချွန်ပြားသေးသေးပါးပါးလေးနှင့်မြေပြင်ပေါ်ပုံတွေရေးခြစ်ရင်း တစ်ချက်တစ်ချက်ကလေးတွေကို လှမ်းကြည့်နေသည်။
အမျိုးသမီးတွေကတော့ အဝတ်လှမ်းသူလှမ်း၊ အဝတ်လျှော်သူလျှော်နှင့်။
စမ်းချောင်းထဲခေါင်းနစ်ကာ ဖင်ဘူးတောင်းထောင်ပြီး ရေငုပ်နေသူများထဲ ဝမ်လည်းပါသည်။ လေးနှစ်သားလေးဝမ်သည် ထိုကလေးအုပ်စုထဲတွင်အငယ်ဆုံးဖြစ်သည်။
တခြားအကြီးတွေက ဝမ့်ကိုညှာသည့်သဘော ထမင်းဂျိုးဟင်းဂျိုးထားမည်ဆိုသည်ကို ဝမ်ကမရ။
သူလည်း အကြီးများနှင့်တန်းတူ ရေငုတ်ပြိုင်နေသည်။ ဖင်ပြောင်လေးနှင့် ရေငုတ်ပြိုင်နေသော ဝမ်သည် ဆော့ဂျင်ရှိသည်ကိုသိပုံမပေါ်။
ဖူး..ဖလူး....
ကြည့်နေရင်းမှာပင် ဝမ်ကအရင်ဆုံးခေါင်းထောင်လာသည်။
"ဂွန်းဂွန်းရှုံးပြီဟေ့..."
အကြီးများက လက်ခုပ်လက်ဝါးတီးရင်း ဝိုင်းအော်ကြတော့ ဝမ်ဂွန်းဂွန်းတစ်ယောက် မျက်နှာပေါ်ကရေစက်တွေကို လက်ဖဝါးလေးနှစ်ဖက်နှင့်သက်ချရင်း သွားကျိုးလေးနှစ်ချောင်းပေါ်သည်အထိမျက်နှာချိုသွေးသည်။
ဝမ်သည်ဆော့ဂျင်ရှိသည်ကို လုံးဝသတိမပြုမိ။
ခဏအကြာ ဝမ့်ဘေးတွင် တခြားကလေးတွေကဝိုင်းအုံလာသည်။ ထိုအခါပုပုလုံးလုံးဝမ်လေးကို ဆော့ဂျင်လှမ်းမမြင်ရတော့ပေ။
အကြီးတွေက လှုပ်စိလှုပ်စိနှင့် ဝမ့်ကိုဘာတွေလိမ်းပေးနေသည်မသိ။ တော်တော်ကြာပြီးနောက် ကလေးတွေအားလုံးဘေးသို့ရှဲသွားသည်။
ထိုအခါမှ ကလေးတွေကြားထဲမှဝမ့်ကို လှမ်းမြင်လိုက်ရသည်။
ဝမ့်တစ်ကိုယ်လုံးတွင် အိုးမည်းတွေသုတ်ထားသည်။ မျက်လုံးလေးနှင့် ပါးစပ်လေးသာဖော်ထားသည်။
ESTÁS LEYENDO
Whirlwind Night [Completed]