Episode 4

1K 136 28
                                    

နောက်နေ့များတွင်လည်း ဘိန်းခင်းများဆီသို့ ဆော့ဂျင်မရောက်ဖြစ်ခဲ့ပေ။ အကြောင်းမှာ ဂျောင်ကုတို့အုပ်စုသည် ဓားပြထွက်တိုက်ဖို့ပြင်ဆင်နေကြသည်။

ဓားပြတိုက်မည့်နေရာများတွင် မြေပုံချကာ ဆွေးနွေးနေကြသောဓားပြများသည် စစ်ထွက်ခါနီး သေနင်္ဂဗျူဟာခင်းနေသော ရှေးခေတ်စစ်သူရဲများနှင့်တူနေသည်။

ဘေးမှ ဓားပြငယ်များခြံရံကာ ဓားပြတိုက်ဖို့ အကောင်အထည်ဖော် စီမံချက်ချနေသူသည် ဓားပြဗိုလ်သည် စစ်သေနာပတိကြီးတစ်ယောက်အလား မှတ်ထင်ရသည်။

သူပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နာခံနေသူများရော အမေးအဖြေပြုနေသူများရော အားလုံးတို့သည် သူတို့ခေါင်းဆောင်ဓားပြဗိုလ်အပေါ် ချစ်ကြောက်ရိုသေခြင်းရှိကြသည်။

အစဉ်အဆက် ခေါင်းဆောင်ရာထူးဆက်ခံခဲ့သော ဓားပြဗိုလ်များတွင် လက်ရှိမျိုးဆက် ဂျွန်ဂျောင်ကုသည် တန်ခိုးအင်အားအကြီးမားဆုံးဖြစ်လိမ့်မည်။

တောင်ပိုင်းစော်ဘွားနွယ်စံအိမ်ကို အနုကြမ်းစီးနိုင်ခဲ့ခြင်းနှင့် တော်ဘုရားငယ်တစ်ပါးကို သိမ်းပိုက်လိုက်နိုင်ခဲ့ခြင်းသည် ဓားပြဗိုလ်ဂျွန်ဂျောင်ကု၏ အရှိန်အဝါကို ပိုမိုအထောက်အပံ့ကြီးစေခဲ့သည်။

ဤလုပ်ရက်နှစ်ခုသည် တစ်ဖက်မှကြည့်လျှင်  ဘောင်ကျော်သော နိုင်ထက်စီးနင်းခွင့်မလွှတ်နိုင်စရာ ဖြစ်ခဲ့သော်လည်း ဓားပြတို့အတွက်မူ သူတို့ခေါင်းဆောင်၏လုပ်ရက်ကို ချီးကျူးထောပနာပြုမဆုံးဖြစ်ကြသည်။

စော်ဘွားအနွယ်ဟူသည် လူမျိုးကြီးဝါဒကိုကျင့်သုံးသော လူတန်းစာတစ်ရပ်ဖြစ်သည်။ ဂုဏ်အဆင့်အတန်း၊ မျိုးနွယ်အဆင့်အတန်း ခွဲခြားသည်။ သာမန်လူများနှင့် ယှဉ်တွဲနေထိုင်ခြင်းကို အထူးတလည်မနှိမ့်ချတတ်ပေမယ့် ဓားပြများကိုတော့ အသွေးထဲအသားထဲထိ ရွံ့မုန်းတတ်ကြသည်။

အများသူငါတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးသူများ၊ လူဆိုး လူရမ်းကားများအဖြစ်သတ်မှတ်ထားကြသည်။

ထို့ကြောင့်အခွင့်အရေးရသည်နှင့် ဓားပြများကို ထောင်သွင်းအကျဉ်းချနှိပ်ကွပ်ရန် ကြိုးစားကြမြဲဖြစ်သည်။

Whirlwind Night [Completed]Where stories live. Discover now