Episode 2

1.2K 151 21
                                    

"တောင်ပိုင်းစော်ဘွားနွယ်တွေက နယ်စပ်မှာခြေချင်းလိမ်နေတယ် ..ငါ့အထင် ဒီကောင်တွေ ဟိုတော်ဘုရားလေးကိစ္စ မကျေနပ်ကြဘူးထင်တယ်.."

"မကျေနပ်တော့ရော ဘာလုပ်နိုင်မှာလဲကွ..ခေါင်းဆောင်နဲ့ အဲ့ဒီတော်ဘုရားလေးက လင်မယားအရာမြောက်ပြီးနေလောက်ပြီ.."

"ဟ..လင်မယားအရာ မြောက်မမြောက် မင်းကဘယ်လိုသိလဲ.."

"မသိရိုးလားကွ..ငါတို့ခေါင်းဆောင် တဲနန်းက မထွက်တာ ဘယ်နှစ်ရက်ရှိပြီလဲ..အဲဒီ့တော်ဘုရားလေးရော အပြင်ထွက်တာတွေ့လို့လား.."

"မဆိုင်ပါဘူးကွ..အဲ့ဒါသူတို့ဘာသာ နေပူလို့မထွက်တာနေမှာပေါ့.."

ဓားပြနယ်လုံခြုံရေးအတွက် ကင်းစောင့်နေရသော ဓားပြငယ်လေးသုံးယောက် တွတ်ထိုးနေသောကိစ္စသည် သူတို့ခေါင်းဆောင်ကြီးနှင့် တော်ဘုရားငယ်တို့ လင်မယားအရာ မြောက်ပြီးမမြောက်ပြီး ကိစ္စဖြစ်နေသည်။

"နေပူလို့ပဲမထွက်ရဉီးမယ်..မင်းအဲ့လောက်တုန်းလို့ ခုထိမိန်းမမရတာ.."

"ဟ..တော်စမ်းပါ ဘာမိန်းမလဲ မရမယူဘူးကွ..ငါလိုချင်တာ တော်ဘုရားငယ်လို သန့်သန့်ချောချော အမျိုးသားလေး.."

"မင်းစကားကို ခေါင်းဆောင်ကြားရင်တော့ သေချာပေါက်ခေါင်းဖြတ်ခံရမှာ.."

"ခေါင်းဆောင်အပိုင်ကိုမှ မှန်းရဲတာ မင်းကို တံစို့ထိုးပြီး မီးကင်သတ်လိမ့်မယ်.."

"တော်ကြာပါတော့ကွာ..ငါပြောတာက တခြားစော်ဘွားမျိုးက တော်ဘုရားကိုပြောတာပါ..ခေါင်းဆောင်ဟာလေးကိုတော့ ကြံမလားကွ.."

ဒီလိုနှင့် အသံတို့ခေတ္တတိတ်ဆိတ်သွားပြန်သည်။

"ပြောသာပြောတာကွ..ခေါင်းဆောင်က အဲ့ဒီတော်ဘုရားလေးကို သိပ်ချစ်တာ.."

"ချစ်လွန်းလို့ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်ပြီး အပြင်မထွက်ခိုင်းတာနေမှာပေါ့.."

"မင်းတို့က အဲ့လိုထင်..ငါကျအဲ့ဒီမထင်ဘူးကွ..ပုံမှန်လောက် ချစ်ရုံလေးနဲ့တော့ အပြင်မထွက်ခိုင်းစရာအကြောင်းမရှိဘူး..တော်တော်ကြီးကို မဟားတရား ပြွတ်ပြွတ်သိပ်သိပ် အာခံတွင်းထဲငုံထားမတတ် အသည်းလှိုက်အူလှိုက် မနားတမ်းချစ်နေလို့သာ အပြင်မထွက်ခိုင်းတာနေမှာ.."

Whirlwind Night [Completed]Where stories live. Discover now