Episode 5

969 147 70
                                    

"မင်းနာမည်က ဝမ်ဂွန်းဂွန်းနော်.."

"အင်း.."

"ဒါဆို ဂွန်းဂွန်းလို့ခေါ်ရမှာပေါ့.."

"ဟင့်အင်း ဟင့်အင်း...ဂွန်းဂွန်းခေါ်နဲ့ 'ဝမ်'လို့ တစ်လုံးတည်းခေါ်.."

"ဟော ဘာလို့တုန်း..သူများတွေလည်း ဂွန်းဂွန်းပဲခေါ်တာလေ.."

"သူများတွေက ဘာခေါ်ခေါ်အရေးမကြီးဘူးလေ..ကိုကိုဖုရားက ဝမ်လို့ပဲခေါ်.."

လေးနှစ်သားလေးသည် ပေါက်ပေါက်လုံးတွေ ပါးစပ်ထဲအပြည့်ဝါးရင်း ဆော့ဂျင်ကို မျက်လုံးဝိုင်းဝိုင်းကြီးများနှင့်ကြည့်ကာ နာမည်အဖျားစွတ်ခေါ်ဖို့အရေး အမိအရကြိုးပမ်းနေသည်။

"ဝမ်ပဲခေါ်ခေါ် ဂွန်းဂွန်းပဲခေါ်ခေါ် အတူတူပဲကို.."

ဆော့ဂျင်က အင်တင်တင်ပြောတော့ ကလေးလေးက ပေါက်ပေါက်တွေကို ပါးစပ်ထဲထိုးသွတ်ရင်း အကုန်ဝါးပစ်သည်။ အချိန်တစ်ခုယူပြီး ပါးစပ်ထဲအားလုံးရှင်းသွားပြီဆိုမှ..

"မတူဘူး ကိုကိုဖုရားရဲ့..မယုံရင် 'ဝမ်~~'လို့ တစ်လုံးထဲခေါ်ကြည့်ပါလား.."

သံနေသံထားနှင့် အတင်းကိုခေါ်စေချင်နေသည့်လေးနှစ်သားလေးကြောင့် သူ့သဘောကျ ဆော့ဂျင်ခေါ်ပေးရတော့မည်။

"ကဲ ကဲ ဒီလောက်ခေါ်စေချင်တော့လည်း ကိုကိုခေါ်ပေးရတော့မှာပေါ့..'ဝမ်~~' ရေ..ကိုကို့'ဝမ်~~'လေးရေ.."

"အဟီး..ဟီး ဟီး.."

သဘောတကျရယ်သံသည် လေးနှစ်သားလေးဆီမှ ထွက်လာသည်။ လက်လေးနှစ်ဖက်ကို ဆုပ်ချေရင်း ပခုံးလေးတွန့်ကာ ရယ်နေသည့် လေးနှစ်သားလေးသည် ဆော့ဂျင်အခေါ်ကိုအလွန်ပင် သဘောကျပုံရသည်။

"ဝမ့်ကို ဝမ်လို့ခေါ်တော့ ဝမ်ပျော်သွားပြီ.."

"ဝမ်လို့ခေါ်တာ ဘာပျော်စရာရှိလို့တုန်း.."

"အယ်..ကိုကိုဖုရားကလဲ.. ဝမ့်မေမေက ပြောဖူးတယ်..'ဝမ်'ဆိုတာ 'အချစ်လေး'လို့ပြောတာတဲ့..ဝမ်ကြီးရင် ကောင်မလေးတွေကို အချစ်လေးလို့ခေါ်ခိုင်းဖို့ ပေးထားတာတဲ့.."

အော..ဆော့ဂျင်တော့ လေးနှစ်သားဆီမှာ အညာမိခဲ့ပြီ..

"ဒါဖြင့် မင်းက အချစ်လေးလို့ အခေါ်ခံချင်လို့ ဝမ်လို့ခေါ်ခိုင်းတာပေါ့.."

Whirlwind Night [Completed]Where stories live. Discover now