ကော့စ်မို့ပန်းလေးတွေ စတင်ပွင့်လန်းခဲ့ပြီ..ဆော့ဂျင်သဘောကျသည့် ခရမ်းပြာရောင်လေးတွေ...
လွင်ပြင်တကြောလုံး ခရမ်းပြာရောင်ပန်းလေးတွေ ပြည့်နက်နေသည်ကို ကြည့်မိတိုင်း အတိုင်းမသိကြည်နူးမိသည်။
ကိုယ့်လက်နဲ့ကိုယ်တိုင်ပျိုးထောင်ပြီး တယုတယစိုက်ပျိုးခဲ့ရတဲ့ပန်းလေးတွေမို့ ထိရကိုင်ရမှာတောင် နှမြောတွန့်တိုမိသည်။
လေပြေသွေးတိုင်း ယိမ်းနွဲ့သွားတတ်သည့် ခရမ်းပြာရောင်လွင်ပြင်လေးက ဆော့ဂျင်ကိုအကြိမ်ကြိမ်ပြုံးစေခဲ့သည်။
ပန်းခင်းကြီးကိုကြည့်ပြီး ဆော့ဂျင်ကပြုံးတိုင်း ဓားပြဗိုလ်က ဆော့ဂျင်ကိုကြည့်ကာ လိုက်ပြုံးခဲ့သည်။
*မင်းက မင်းချစ်တဲ့ပန်းခင်းကြီးကိုကြည့်..မောင်ကမောင်ချစ်တဲ့မင်းကိုကြည့်မယ်..*
မွ..မွ..
ဆော့ဂျင်က ဓားပြဗိုလ်၏ လက်ဖဝါးပြင်နှစ်ဖက်ပေါ် အနမ်းဖွဖွပေးသည်။
"ဒီလက်တွေနဲ့ဖန်တီးပေးခဲ့လို့ ဒီလောက်လှတဲ့ပန်းခင်းကြီးကို ဖြစ်လာတာ.."
မောင့်ဖုရား၏ ဖြူစင်ရိုးသားမှုလေးက လှုပ်ရှားမှုသေးသေးလေးကအစ ပေါ်လွင်နေသည်။
"ဒီကြားထဲ အဆင်သင့်ပြင်ထား ဆော့ဂျင်... သဘက်ခါလောက်ကျရင် ဆော့ဂျင်ဟော်နန်းကို သွားကြမယ်.."
"တကယ်...!!"
"အင်း.."
မောင့်ဖုရားက မောင့်ကိုလာဖက်သည်။ ရင်ခွင်ထဲက ကိုယ်လုံးလေးက ခုန်ဆွခုန်ဆွနှင့်။
"ကျွန်တော်ပျော်လွန်းလို့ ရူးပြီထင်တယ်.."
မောင်သိတာပေါ့..မောင့်ဖုရားလေး ဖခင်ဖြစ်သူဆီ ဘယ်လောက်သွားချင်နေမှန်း။
"တစ်ခုတော့ရှိတယ် မောင့်ဖုရား..ဟော်နန်းရောက်ပြီး စော်ဘွားကြီးနဲ့တွေ့ပြီးရင် မောင်နဲ့ဒီလွင်ပြင်ကိုပြန်လိုက်ခဲ့ရမှာနော်.. "
"အဟီး..ကျွန်တော်သိပါတယ်.."
မျက်နှာလေးက ရယ်ရွှင်လျက်။ ကျွန်တော့်ကို အတင်းဖက်ထားပြန်သည်။
YOU ARE READING
Whirlwind Night [Completed]