လေတဟူးဟူးတိုက်သော တောင်စဉ်တန်းတစ်ခုပေါ် ဆော့ဂျင်ရောက်နေခဲ့သည်။ ဘေးပတ်လည်ရှိ ဘိန်းခင်းများသည် ကျူးလစ်ပန်းခင်းကြီးအလား..။
ဓားပြဗိုလ်သည် ဆော့ဂျင်လက်ကိုဆုပ်ကိုင်ရင်း ရှေ့ကအရင်သွားသည်။ ဘိန်းခင်းတွေကို ဖြတ်ကျော်ရသည်မှာ အချိန်တစ်ခုကြာသည်။
ထိုမျှများပြားသော ဘိန်းခင်းများကို ဘာရည်ရွယ်ချက်နှင့် စိုက်ပျိုးထားသလဲ ဆော့ဂျင်အတတ်သိသည်။ ဝမ့်မေမေပြောခဲ့သလို ဆေးဖော်စပ်ရာတွင် သုံးဖို့တစ်ခုတည်းမဖြစ်နိုင်။ နယ်စပ်နှင့် မှောင်ခိုဆေးကွက်မှတစ်ဆင့် ဖြန့်ချီရန်ဖြစ်သည်။
စင်စစ် ဂျွန်ဂျောင်ကုဉီးဆောင်သော ဓားပြဂိုဏ်းသည် ဓားပြတိုက်ဖို့တစ်ခုတည်းမဟုတ်။ ဘိန်းမှောင်ခိုစျေးကွက်ကိုပါ ချယ်လှယ်နေသောဂိုဏ်းတစ်ခုဖြစ်သည်။
ဓားပြလည်းတိုက်သည်။ မှောင်ခိုလည်းလုပ်သည်။ ထိုမှရသော ငွေကြေးများကိုမည်သည့်နေရာတွင် အသုံးချပစ်ကြသနည်း။ သေချာပေါက် သူတို့လူနည်းစုသည်ပင် ထိုငွေကြေးအားလုံးကို သုံးမကုန်နိုင်။
ဘိန်းခင်းများ၏ အစွန်းတစ်ဖက်သို့ ရောက်သောအခါ ထင်းရှူးတောစပ်တစ်ခုကို တွေ့ရသည်။ မြင့်မားသော ထင်ရှူးပင်ထိပ်ဖျားများသည် နေရောင်ခြည်ကြောင့် ရွှေဝါရောင်နုနုသမ်းသည်။ နေရောင်ခြည်နှင့် ထင်ရှူးရိပ်တို့ရောယှက်နေပုံက မနက်ခင်းပန်းချီကားချပ်အလား..။
"မောင့်ဖုရား လမ်းလျှောက်နိုင်သေးရဲ့လား.."
ဆော့ဂျင်မျက်နှာထက် သီးနေသောချွေးစလေးတွေကို လက်ပခုံဖြင့်သုတ်ပေးရင်း ဓားပြဗိုလ်ကမေးသည်။
"ရပါတယ် ရောက်တော့မှာမလား.."
"အင်း ထင်းရှူးတောကျော်ရင် ရောက်ပြီ.."
ဓားပြဗိုလ်သည် နေရောင်ဒဏ်ကို အံတုခံနေရသည့် ဆော့ဂျင်မျက်နှာဖြူနုနုလေးကို ကြည့်ရင်း အံကျိတ်လိုက်မိသည်။
ဖြစ်နိုင်လျှင် ခေါင်းပေါ်က အလျှံညီးညီးတောက်နေသော နေလုံးကို တစ်စစီဖြစ်သွားအောင် ခြောက်လုံးပြူးနှင့် ပစ်လိုက်ချင်သည်။ ဒီလောက်တောင် ပူနိုင်တဲ့နေလုံးကို ရတဲ့နည်းနှင့် အမှုန့်ချေပစ်ချင်သည်။
ŞİMDİ OKUDUĞUN
Whirlwind Night [Completed]