Episode 9

867 136 55
                                    

ဓားပြခေါင်းဆောင်တို့ထွက်သွားပြီး နောက်ရက်များတွင် ဆော့ဂျင်သည် ဝမ့်မေမေတို့နှင့်အချိန်ကုန်ခဲ့သည်။

ဓားပြဇနီးသည်များ စမ်းချောင်းတွင်အဝတ်ဖွတ်သွားရင်လည်း ဆော့ဂျင်လိုက်သည်။

တောင်ပေါ်ရိုးသို့ ဘိန်းစေးသွားထုတ်ရင်လည်း ဆော့ဂျင်လိုက်သည်။

ဓားပြဇနီးသည်များ၏ စကားဝိုင်းတိုင်းတွင်လည်း ဆော့ဂျင်ရှိနေတတ်သည်။ ဆော့ဂျင်ဘက်က ဘာမှမပြောဖြစ်။

သူတို့ပြောသည့်စကားတွေကိုသာ ငြိမ်ငြိမ်လေးနားထောင်နေတတ်သည်။

ဓားပြဇနီးသည်များက ဆော့ဂျင်ကိုအနေအေးလို့ချစ်ကြသည်။

ဓားပြကလေးငယ်များကလည်း 'ကိုကိုဖုရား' ဟုခေါ်ကာ ဆော့ဂျင်နောက်သို့ တကောက်ကောက်လိုက်သည်။

ထိုထဲတွင် ဝမ်ကအဆိုးဆုံးဖြစ်သည်။ ဆော့ဂျင်လက်ကိုကိုင်ကာ တခြားကလေးငယ်များကို လူမိုက်အကြည့်ဖြင့် ကြည့်တတ်သည်။

"ဖုရားငယ်က ရှေ့နေလေးဆို.."

အစ်မအယ်ရှင်းအမေးကို ဆော့ဂျင်ခေါင်းညိမ့်ဖြေမိသည်။

မီးခိုးတလူလူထွက်နေတတ်သော ဆေးကျိုသည့်တဲထဲသို့ အစ်မအယ်ရှင်းနှင့်အတူ ရောက်နေခြင်းပင်ဖြစ်သည်။

"ဖုရားငယ် ဒီကိုမရောက်ခင်တုန်းက ခေါင်းဆောင်ပြောပြဖူးတယ်လေ..အဟွန်း..ခေါင်းဆောင်က ဖုရားငယ်ကိုတော့ တမ်းတမ်းစွဲပဲ...အဲ့တုန်းကတည်းက 'မာနခဲရှေ့နေလေး'ဆိုတာ ပါးစပ်ကမချဘူး.."

အစ်မအယ်ရှင်းက ဂျင်ဆင်းမြစ်တွေကျိုရင်း ပြောသည်။

"ကျွန်တော့ကို ရင်းရင်းနှီးနှီး ဆော့ဂျင်လို့ပဲခေါ်ပါ အစ်မ..."

ပကာသနကင်းသော ဆော့ဂျင်အပြုအမူလေးကို အစ်မအယ်ရှင်းသဘောကျမိသည်။

"ဒါဆို ဆော့ဂျင်လေးလို့ပဲ ခေါ်မယ်နော်.."

"ဟုတ်ကဲ့...ဒါနဲ့လေ အစ်မအယ်ရှင်းနဲ့ဂျောင်ကုနဲ့က တော်တော်ကိုပဲရင်းနှီးသလား.."

"မောင်နှမဝမ်းကွဲဆိုတော့ တခြားသူတွေထက်တော့ ရင်းနှီးတာပေါ့ ဆော့ဂျင်လေးရယ်..ဒါပေမယ့် ဂျောင်ကုက အနေတည်တယ်..မျက်နှာထားတင်းတယ် ...သူအစ်မကို လူတွေရှေ့ဆို ရင်းရင်းနှီးနှီးမဆက်ဆံတတ်ဘူးကွဲ့.. "

Whirlwind Night [Completed]Donde viven las historias. Descúbrelo ahora