ညကဘယ်လိုအိပ်ပျော်သွားလဲ ဆော့ဂျင်မသိ..။ သူနိုးသည့်အချိန် တဲနန်းဆီသို့ ပြန်ရောက်နေခဲ့သည်။ သေချာတာတော့ ညကလင်းနို့သရဲကားကို အဆုံးထိမကြည့်လိုက်ရချေ။
ဝါဂွမ်းမွေ့ယာထက်မှ ကုန်းထပြီးအပြင်ဘက်သို့ ကြည့်လိုက်တော့ ဝေလီဝေလင်းသာရှိသေးသည်။ ဆော့ဂျင်ရဲ့ကျောဘက်တွင်တော့ ဓားပြဗိုလ်အိပ်ပျော်နေသည်။ ဆော့ဂျင်သည် သူ့ကိုယ်ပေါ်က ကျားသစ်ရည်စောင်ကိုဖယ်ပြီး တဲအပြင်သို့ ထွက်လာခဲ့သည်။
စိမ်းစိုအုပ်မှိုင်းသော တော၏အလယ် သစ်ပင်ကြီးများ၏အောက်တွင် ရွက်ဖျင်တဲလေးများသည် ငြိမ်သက်စွာတည်ရှိနေကြသည်။
အမြဲတစ်စေ လှုပ်ရှားသွားလာနေကြသော ဓားပြမိသားစုများကို မတွေ့ရသည့်အခါ အရာရာသည် တိတ်ဆိတ်နေသည်။
ခက်လှမ်းလှမ်းရှိ တဲတစ်ခုမှ မီးခိုးငွေ့တစ်ချို့ လှိုက်အူထွက်နေသည်။ ထိုတဲသည် ဝမ့်မေမေ တိုင်းရင်းဆေးဖော်စပ်သည့် နေရာဖြစ်သည်။
သူ့အပြင် နောက်ထပ်လူတစ်ယောက် နိုးထလုပ်ကိုင်နေသည်ကို သိလိုက်ရသည့်အခါ ဆော့ဂျင်တဲအပြင်ထွက်လာသည့် မူရင်းရည်ရွယ်ချက် ပျက်ဆီးသွားရသည်။
ခြေလှမ်းများကို ဓားပြဗိုလ်၏တဲဘက်သို့ ပြန်လည်ဉီးတည်လိုက်သည်။ ဘေးဘီဝဲယာကိုလည်း အကဲခတ်ရင်း တဲနန်းဆီသို့ ခက်သုတ်သုတ်ဝင်လာခဲ့သည်။
မကြာသေးမီက လှဲအိပ်ခဲ့သော ဂျောင်ကုဘေးက သူ့နေရာတွင်ပြန်လှဲအိပ်သည်။ ကျားသစ်ရည်စောင်ကိုလည်း သူ့ကိုယ်ပေါ်ပြန်တင်ရန်မမေ့။
ခနနေတော့ ဂျောင်ကုလက်မောင်းတစ်ဖက်က ဆော့ဂျင်ခါးပေါ်ရောက်လာသည်။
ဆော့ဂျင်သည် ဘေးစောင်းအနေအထားဖြင့် ဂျောင်ကုကိုကျောပေးရင်း ခေါင်းအောက်သို့ တံတောင်ဆစ်ကိုကွေးကာ ခုလိုက်သည်။
မကြာခင်မိုးစင်စင်လင်းတော့မည်။ ဆော့ဂျင်ပြန်အိပ်ပျော်မည်လည်းမဟုတ်တော့..။ ဒီအတိုင်းလှဲရင်းသာ မိုးလင်းသည်အထိ စောင့်ရတော့မည်။
နောက်တစ်ခါကျရင်တော့ ဒီထက်ပိုပြီး စောစောထဖို့လိုလာပြီ။
YOU ARE READING
Whirlwind Night [Completed]