ဟမ့်!!!
မြင်းခွာသံနှင့် လေတိုးသံများသည် ပတ်ဝန်းကျင်တွင် ကြီးစိုးနေသည်။
တောအုပ်ကိုဖြတ်ကျော်ပြီးသည့်နောက်မှာတော့ နှစ်လမ်းသွားကတ္တရာလမ်းပေါ် ဖြတ်တက်သည်။
မြို့စွန်လမ်းဖြစ်သည်ကြောင့် ကားအသွားအလာနည်းပါးလှသည်။ ကတ္တရာလမ်းပေါ်ရောက်တော့ မြင်းသွားနှုန်းက ခက်မှန်မှန်ဖြစ်လာသည်။
တောအုပ်ကိုဖြတ်စဉ်က အပြင်းပြေးခဲ့ရသောကြောင့် မြင်းနက်ကြီး၏လက်ပြင်တွင် ချွေးများစိုနေလေသည်။
ဓားပြဗိုလ်သည် ဆော့ဂျင်ခါးကိုလက်တစ်ဖက်နှင့် ဖက်ထားရုံမက မြင်းဇက်ကြိုးကိုင်ထားသောလက်ကိုလွှတ်ကာ နောက်တစ်ဖက်နှင့်ပင် ထပ်ဖက်လာသည်။
ဆော့ဂျင်ကျောနှင့်ကပ်နေသော ဓားပြဗိုလ်ရင်အုပ်သည် နွေးထွေးသည်။ ဓားပြဗိုလ်ဆီမှရသော ကိုယ်သင်းနံ့သည် မြေသင်းနံ့နှင့်ထင်းရှူးသားနံ့ ရောထားသော အနံ့မျိုးဖြစ်သည်။
ဖြည်းဖြည်းမှန်မှန်နှင်လာသောမြင်းသည် ချုံအကွယ်တစ်ခုနားရောက်တော့ ရပ်တန့်သွားသည်။
"ရပြီ..."
ဓားပြဗိုလ်၏အသံကြောင့် နောက်မှလိုက်လာသူများပါ မြင်းကိုရပ်လိုက်ကြသည်။ ထို့နောက် ဓားပြဗိုလ်ကမြင်းပေါ်မှ အရင်ဆင်းသည်။ ပြီးနောက် ဆော့ဂျင်ကိုပွေ့ချီချပေးသည်။
"မင်းတို့သွားလို့ရပြီ..ညနေ အမှောင်ဝင်တာနဲ့ ဒီနားမှာအသင့်ရောက်ပါစေ.."
"အမိန့်အတိုင်းပါ ခေါင်းဆောင်.."
ဓားပြဗိုလ်ကိုအရိုအသေပြုပြီးနောက် နောက်လိုက်ဓားပြများသည် မြင်းနက်ကြီးကိုဆွဲကာ လာရာလမ်းအတိုင်း လှည့်ပြန်သွားကြသည်။
ကတ္တရာလမ်းမကြီး၏ တစ်ဖက်ခြမ်း ဘိစပ်ချုံအကွယ်ကြီး၌ ဆော့ဂျင်နှင့် ဓားပြဗိုလ်သာကျန်ရစ်ခဲ့သည်။
"ဂျောင်ကု..ကျွန်တော်တို့က ဘယ်လိုဆက်သွားရမှာလဲ.."
"ခဏစောင့်ကြည့်လိုက် ဆော့ဂျင်.."
ဆော့ဂျင်နှုတ်ခမ်းလေးဆူလာသည်။ ဖခင်ဖြစ်သူဆီ အချိန်မီမရောက်မှာ စိုးရိမ်သည်ကတစ်ကြောင်း စောင့်ရသည့်အလုပ်ကို စိတ်မရှည်သည်ကတစ်ကြောင်း။ ဒါကို ဓားပြဗိုလ်က စိတ်မရှည်အသံမျိုးဖြင့်..
YOU ARE READING
Whirlwind Night [Completed]