Episode 8

921 140 55
                                    

ညကရွာခဲ့သောမိုးကြောင့် ဆော့ဂျင်အိပ်ယာထနောက်ကျခဲ့သည်။ အေးစက်သောမိုးလေပြေနဲ့အတူ တဖြောက်ဖြောက်ရွာချခဲ့သော မိုးပေါက်များက ဆော့ဂျင်ကိုတစ်ညလုံး အိမ်မက်လှလှမက်စေခဲ့သည်။

တစ်ခါတစ်ရံ ရွက်ဖျင်တဲဆီ ဝင်ရောက်လာတတ်တဲ့ မိုးသက်လေအေးကြောင့် ဓားပြဗိုလ်၏ရင်ခွင်ကျယ်ထဲ သူကိုယ်တိုင်လိုလိုလားလားနှင့် တိုးဝင်ခိုလှုံခဲ့သည်ကိုတော့ ဆော့ဂျင်မှတ်မိမည်မဟုတ်..။

ဆော့ဂျင်နိုးသည့်အချိန်တွင် မိုးတိတ်၍ နေပင်ထွက်နေပြီ..။ တဲနန်းအပြင်ဘက်တွင် ဓားပြမိသားစုတို့ လှုပ်ရှားသွားလာနေကြပြီ။

ဓားပြဗိုလ်က ကုလားထိုင်တွင်ထိုင်ကာ ဓားမြှောင်ကို အဝတ်တစ်ထည်နှင့်တိုက်ချွတ်နေသည်။ ဆော့ဂျင်သည် အိပ်ယာပေါ်ထိုင်ရင်း စာဖတ်ရန်သာပြင်လိုက်သည်။

ဓားပြဗိုလ်သယ်လာသည့် စာအုပ်တွေထဲက အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော "River God" အမည်ရှိ ဝတ္ထုစာအုပ်သည် ဆော့ဂျင်ဖတ်လက်စဖြစ်သည်။ အနားခေါက်ထားသည့် နေရာလေးကိုလှန်ပြီး ဆော့ဂျင်စဖတ်သည်။

တိတ်ဆိတ်ခြင်းသည် တဲနန်းအတွင်းစိုးမိုးလျက်။ ဓားပြဗိုလ်သည် ဓားမြှောင်ကို ပြောင်လက်နေသည့်အထိ တိုက်နေသည်။ ဆော့ဂျင်သည်လည်း စာအုပ်တစ်အုပ်ဖြင့် ငြိမ်သက်နေသည်။

အချိန်တစ်ခုထိ ကြာမြင့်ပြီးနောက်...

ဆော့ဂျင်စာဖတ်ခြင်းသည် နောက်ဆုံးစာမျက်နှာများသို့ ရောက်တော့မည်ဆဲဆဲတွင် ဓားပြဗိုလ်သည် ဆော့ဂျင်ရှိရာ အိပ်ယာပေါ်သို့ရောက်လာသည်။

ငြိမ်သက်စွာ စာဖတ်နေသော ဆော့ဂျင်ကို ခေတ္တစိုက်ကြည့်သည်။ ထို့နောက် အင်္ကျီခံနေသော ဆော့ဂျင်ပုခုံးစွန်းလေးကို စတင်နမ်းရှိုက်သည်။

ဆော့ဂျင်စာဖတ်နေသော်လည်း စာထဲအာရုံမရောက်နိုင် ဖြစ်လာသည်။ ခဏနမ်းပြီးရင် ရပ်သွားမလားလို့ မျှော်လင့်ပြီး မတားဘဲနေကြည့်သည့်အခါ ဂျောင်ကုလက်များသည် ဆော့ဂျင်ခန္ဓာကိုယ်အနှံ့ ပွတ်သတ်ရုံမက ဂုတ်ပိုးသားလေးတွေကိုပါ ကိုက်ဖဲ့လာသည်။

Whirlwind Night [Completed]Where stories live. Discover now