"ရွေးကောက်ပွဲမသမာမှု၊ လောင်းကစားဝိုင်းလူသတ်မှု၊ တရားမဝင်မူးယစ်ဆေးသုံးစွဲမှု အစရှိသည်တို့နှင့်စပ်လျဉ်းသော သက်သေအချို့ကို ကော်ပီယူထားသည့် စာရွက်များသည် ဝန်ကြီးချုပ်၏ရုံးထိုင်စားပွဲပေါ်ပြန့်ကျဲလျက်။
ဂျွန်ဂျောင်ကုပို့လိုက်တဲ့ သက်သေတွေသာ သတင်းသမားတွေလက်ထဲရောက်သွားရင် လက်ရှိအစိုးရအဖွဲ့တစ်ခုလုံးသည် ပြိုင်ဘက်ပါတီတွေ၏ ဝိုင်းဝန်းထိုးနှက်မှုကြောင့် မြေစာပုံဘဝရောက်ရလိမ့်မည်။
ထိုခေတ်အခါက နိုင်ငံတကာမူးယစ်နှိမ်နင်းအဖွဲ့နှင့်ပူးပေါင်းထားသော ထောက်လှမ်းရေးတပ်ဖွဲ့များ၏ အင်အားသည် အားအကောင်းဆုံးအနေအထားသို့ရောက်ရှိနေတာကြောင့် သူခိုးဓားရိုးကမ်း မဖြစ်ဖို့အရေး လိုက်လျောသင့်သည်များကို လိုက်လျောရန်ဆုံးဖြတ်ထားသည်။
"လောလောဆယ်အနေအထားအရ လူထုအုံကြွမှုထပ်မဖြစ်အောင် သေလူတစ်ယောက်လိုခဏနေရမယ်..မင်းလိုချင်တဲ့ နယ်မြေအတွက်လည်း အလုံခြုံဆုံးနေရာကို စီစဉ်ထားပေးမယ်..နောက်ပြီး "
ဝန်ကြီးချုပ်သည် လက်နောက်ပစ်ကာ မတ်တပ်ရပ်၍စကားပြောနေရာမှ နောက်ဘက်သို့လှည့်ကြည့်သည်။
နောက်မှီထိုင်ခုံကြီးပေါ် ခြေချိတ်ထိုင်နေသူက အနောက်တိုင်းဖြစ် စီးကရက်တစ်လိပ်ကို တရှိုက်ရှိုက်ဖွာလျက်သား။
"အမ်..နောက်တော့ ဘာဖြစ်သလဲ ဝန်ကြီးချုပ်.."
မီးခိုးငွေ့တွေကို မှုတ်ထုတ်ရင်း မှင်သေသေမျက်နှာထားဖြင့် စကားဝင်ထောက်သည်။ ဝန်ကြီးချုပ်သည် ရှေ့ဆက်ပြောဖို့အရေး နှုတ်ခမ်းကိုသတ်သည်။
ဆုံးဖြတ်ချက်ချဖို့အရေး တုန့်နှေးနှေးဖြစ်နေပုံရသည်။
"ကင်မ်ဆောဂျင်ကို ရှေ့နေ့အသင်းကနေ ထုတ်ပစ်ရမယ်..တရားရုံးချုပ်ကို နောင်ဘယ်တော့မှ ခြေမချနိုင်အောင်လုပ်ရမယ်..အမျိုးဂုဏ်ကိုဖျက်မှုနဲ့ နယ်နှင်ဒဏ်ပေးရမယ်..ကျုပ်အုပ်ချုပ်မယ့် နယ်မြေမှာ ကင်မ်ဆော့ဂျင်ကို တစ်သက်တစ်ကျွန်းချပစ်ရမယ်..ဒါပဲလေ ဝန်ကြီးချုပ်ရဲ့..ဘာတွေခက်ခဲနေတာလဲ.."
![](https://img.wattpad.com/cover/367437965-288-k605423.jpg)
ŞİMDİ OKUDUĞUN
Whirlwind Night [Completed]