မြို့တော်အကျဉ်းထောင်၏ သီးသန့်အမှောင်ခန်းတစ်ခုအတွင်း...။
မဲညစ်ညစ်ကျောက်တမံတလင်းကြမ်းပြင်ပေါ် တစ်ရွတ်တိုက်ဆွဲနေသော သံခြေချင်းသံသည် ပဲ့တင်ထက်စွာ ခြောက်ခြားဖွယ်ထွက်ပေါ်နေသည်။
လက်ထိပ်နှစ်ထပ်ခတ်ထားသော လက်နှစ်ဖက်က သံတိုင်များကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
သွေးတွေချွေးတွေ အလိမ်းလိမ်းကပ်ညိနေသော အဝတ်အစားများကြောင့် သူ့ခန္ဓာကိုယ်သည် ထိကိုင်ချင်စရာမရှိ။
စေးထန်းနေသော ဆံပင်တိုစိတ်စိတ်အချို့သည် နဖူးပြင်နှင့် မျက်လုံးပေါ် ဖုံးအုပ်လျက်..။
ထိုအချိန် အမှောင်ခန်းအနားသို့ ရောက်လာသော စစ်ဖိနပ်သံတစ်ခု..
"ဒီစာအိတ်ကို ဝန်ကြီးချုပ်ဆီပို့ပေးပါ.."
လက်ထိပ်ခတ်ထားသောလက်များဖြင့် ကမ်းပေးသော စာအိတ်ကို စစ်ဖိနပ်သံပိုင်ရှင်က ခက်မြန်မြန်ဆွဲယူလိုက်သည်။
"လုံးဝဖွင့်မကြည့်နဲ့!!!"
"ကောင်းပါပြီ.."
ထို့နောက် ပြန်လည်ထွက်ခွာသွားသော စစ်ဖိနပ်သံနှင့်အတူ အမှောင်ခန်းအတွင်းမှ ထွက်ပေါ်လာသော ခြောက်ကပ်ကပ်ရယ်သံတစ်ခု...။
.
.
.
.
.ခွမ်းးး!!..
တုန်ယင်နေသော လက်အစုံဖြင့်တိုက်မိသွားသော ဖန်ကရားအိုးလေးသည် ကြမ်းပြင်ပေါ်တွင်အစိတ်စိတ်အမွှာမွှာကွဲကြေလျက်..။
စားပွဲပေါ်မှ လက်သီးဆုပ်ဖြူဖြူလေးသည် ဆေးမှတ်တမ်းတစ်ခုကို ဆုပ်ဖြဲမတတ်ကိုင်ထားသည်။
မယုံကြည်နိုင်ခြင်းတို့နှင့်အတူ မျှော်လင့်ချက်ကင်းမဲ့နေသော မျက်ဝန်းတို့သည် မျက်ရည်စတို့ဖြင့် နီရဲစိုထိုင်းနေသည်။
ဆော့ဂျင်သည် ပြိုလဲကျမတတ် အားအင်ချိနဲ့နေသော သူ့ခန္ဓာကိုယ်ကြောင့် ကုလားထိုင်တစ်ခုပေါ်အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။
ဟား..
မရှူနိုင်မကယ်နိုင်ဖြစ်နေသော ခံစားချက်ကြောင့် ခေါင်းတွေထုံထိုင်းလာသည်။ လှုပ်ရှားမှုတွေနှေးကွေးလာသည်။ သူ့ကိုယ်သူ သတ်ပစ်ချင်စိတ်ပေါက်လာသည်။
ВЫ ЧИТАЕТЕ
Whirlwind Night [Completed]