တောင်စဉ်တန်းကိုကြည့်နေရင်းမှာပင် ဆော့ဂျင်အာရုံတို့သည် မီးခိုးတစ်လူလူထွက်နေသော တောင်ထိပ်ဆီသို့ ရောက်ရှိသွားသည်။ ထိုတစ်နေရာထဲတွင်ပင် မီးခိုးတွေတလှိုက်လှိုက်အူထွက်နေသည်။
'လူနေအိမ်များရှိလို့လား..ဒါမှမဟုတ် ယာခင်းမီးရှို့နေတာများလား..။ '
တွေးနေတုန်းမှာပင် ဆော့ဂျင်အနားသို့ ခြေသံတစ်စုံရောက်လာသည်။ လှည့်ကြည့်လိုက်တော့ဂျောင်ကုပင်..။ လာတုန်းက ဝတ်စားခဲ့သည့်အတိုင်း ကာကီရောင်ဓားပြဘောင်းဘီမဲညစ်ညစ်နှင့် အင်္ကျီဟပြဲကို ဝတ်ဆင်ထားသည်။ ကြယ်သီးတစ်လုံးမှ မတပ်ထားခြင်းကြောင့် ဝမ်းဗိုက်ကြွက်သားများနှင့် ရင်အုပ်ကျယ်ကျယ်ကို အတိုင်းသားမြင်နေရသည်။ ခေါက်တင်ထားသည့်လက်ရှည်စ,ကြောင့် ညာဘက်လက်မှတက်တူးတို့သည် မဲမဲညစ်ညစ်ပေါ်နေသည်။ ဘာလို့ရယ်မသိ.. ဓားပြဗိုလ်ကို သိသိသာသာပင် မျက်စောင်းထိုးပစ်လိုက်သည်။
"ပြန်ကြစို့လေ.. "
အနားရောက်လာပြီဖြစ်သော ဂျောင်ကုသည် ဆော့ဂျင်ကိုလက်တွဲခေါ်သည်။
"ဂျောင်ကု.."
"ဗျာ..မောင့်ဖုရား.."
ဓားပြဗိုလ်သည် သူ့နာမည်ကို စိတ်လိုလက်ရခေါ်လာသူလေးကြောင့် ပကတိပျော်ရွှင်မိသည်။
"ဟိုးတောင်ထိပ်က မီးခိုးတွေအလုံးလိုက် ထွက်နေတာ..အဲ့မှာလူနေလားဟင်.."
မောင့်ဖုရားညွှန်ပြသည့်နေရာသို့ လှမ်းကြည့်လိုက်မိသည်။
" အဲ့ဒါမောင့်ပိုင်နက်ထဲမှာပဲလေ..အဲ့တောင်ထိပ်မှာဘိန်းစိုက်တယ်..မီးခိုးတွေက ဘိန်းချက်လို့ထွက်နေတာ.. "
"ဘိန်းစိုက်တာ.."
"အင်း.."
အံ့သြရိပ်သန်းသွားသော မျက်နှာလေးထက် ဒေါသရိပ်တစ်ချို့လည်း ဖြတ်ပြေးသွားသည်။
"အဲ့လို စိုက်တာဘယ်လောက်ကြာပြီလဲ.."
"မောင်မမွေးခင်တည်းကလေ.. ဘာဖြစ်လို့လဲ.. "
"ဧကဘယ်လောက်ထိစိုက်ထားတာလဲ.."
"အာ.. မောင်သေချာမသိဘူး..အဲ့ဘက်တောင်တွေပေါ်မှာ ဘိန်းခင်းတစ်ချို့စိုက်ထားတယ်..အများစုကိုတော့ လွင်ပြင်ကြောမှာအစိုက်များတယ်.."
ESTÁS LEYENDO
Whirlwind Night [Completed]