ဓားပြဗိုလ်က ကတိအတိုင်း ကော့စ်မို့ပန်းတွေပျိုးပေးခဲ့သည်။
တောင်ပေါ်ဒေသမို့ ရေအခက်အခဲရှိသည့်အတွက် ဆော့ဂျင်နှင့်ဓားပြဗိုလ်တို့ လွင်ပြင်ထဲမှာပင် ရွက်ဖျင်တဲလေးဆောက်ကာ နေ့တိုင်းရေလောင်းပေးရင်း စိုက်ပျိုးထားသည့် မျိုးစေ့လေးတွေကို စောင့်ကြည့်ခဲ့ကြသည်။
ရက်သတ္တအချို့ကြာမြင့်ပြီးနောက် ပန်းမျိုးစေ့ပျိုးခဲ့သော လွင်ပြင်ထဲတွင် အပင်ပေါက်သေးသေးလေးတွေထွက်လာသည်။
ဆော့ဂျင်ကတော့ ရက်သားအပင်ပေါက်လေးတွေကို ကြည့်ပြီး ပျော်ရွှင်လျက်..။
"ကော့စ်မို့တွေက လေးဆယ့်ငါးရက်ဆို အပွင့်တွေစပွင့်ပြီ.."
ဓားပြဗိုလ်က ပန်းခင်းကိုရေလောင်းရင်း ပြောပြသည်။ ဆော့ဂျင်က ပန်းပင်ပေါက်လေးတွေကြားမှ ပေါင်းပင်တွေကိုနှုတ်နေသည်။
"တောင်ပေါ်တောင်အောက်ဆင်းရတာ အခေါက်ရေများတော့ မောလိုက်တာကွာ.. "
ရေပုံးတွေကိုကိုင်ပြီး နောက်တစ်ခေါက်ရေဆင်းခပ်ရန်ပြင်နေသည့် ဓားပြဗိုလ်အနားသို့ ဆော့ဂျင်အပြေးလေးသွားမိသည်။
မွ..
မွှေးညှင်းတစ်ချို့ပေါက်နေသော ပါးပြင်အောက်နားကို မော့နမ်းလိုက်သည်။
"အဲ့တာ ဘာလုပ်တာတုန်း.."
ဓားပြဗိုလ်က မျက်မှောင်ကျုံ့ကာ မေးသည်။
"မောနေတယ်ဆို..ဟီးဟီး အမောပြေအောင် နမ်းတာလေ.."
"အဲ့လောက်နဲ့ရမလား..မောင်ကဒီလောက်နဲ့ အမောပြေရမှာလား..."
"အမ် အာ့ဆို ဘာလုပ်ပေးရမှာလဲ... "
"လာ ဒီနားတိုးခဲ့.."
ဓားပြဗိုလ်က သူ့မျက်နှာနားသို့ တိုးခဲ့ရန် လက်ညှိူးလေးကွေးကာ ခေါ်သည်။ ဆော့ဂျင်ကလည်း တိုးကပ်သွားသည်။
ဓားပြဗိုလ်က ရေပုံးကိုပစ်ချရင်း ဆော့ဂျင်ကိုခါးမှဆွဲဖက်ကာ နှာခေါင်း၊ နဖူး၊ မျက်လုံး၊ပါးပြင်၊ နှုတ်ခမ်းမကျန် မျက်နှာတပြင်လုံးကို နင့်နင့်သည်းသည်းနမ်းရှိုက်သည်။
YOU ARE READING
Whirlwind Night [Completed]